North America
ကမ္ဘာတစ်ဝန်း COVID-19 ရောဂါဖြစ်ပွားသူ ၉ သန်းအထိရှိလာ

နယူးယောက်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါဖြစ်ပွားသူ အတည်ပြုလူနာအရေအတွက်သည် ဇွန် ၂၂ ရက်က ၉ သန်းအထိ ရောက်ရှိသွားပြီဖြစ်ကာ ယင်းနေ့ မွန်းလွဲ ၁၂:၃၃ နာရီတွင် ၉,၀၀၃,၀၄၂ ဦးအထိရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန (CSSE) မှ စုဆောင်းထားသည့် အချက်အလက်အရ သိရသည်။
အဆိုပါ ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် သေဆုံးသူအရေအတွက် စုစုပေါင်း ၄၆၉,၁၂၂ ဦးရှိခဲ့ကြောင်း အချက်အလက်များ၌ ဖော်ပြထားသည်။ Covid-19 ကပ်ရောဂါကို အမေရိကန်နိုင်ငံက အဆိုးဝါးဆုံးခံစားခဲ့ရပြီး စုစုပေါင်း ရောဂါကူးစက်ခံရသူ ၂,၂၈၉,၁၆၈ ဦးနှင့် သေဆုံးသူ ၁၂၀,၀၄၄ ဦးရှိခဲ့သည်။ ထို့ပြင် ရောဂါဖြစ်ပွားသူ အရေအတွက် ၂၀၀,၀၀၀ ကျော် ရှိသည့် နိုင်ငံများမှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ ဗြိတိန်၊ ပီရူး၊ ချီလီ၊ စပိန်၊ အီတလီနှင့် အီရန် စသည့်နိုင်ငံများဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ စာရင်းအရ သိရသည်။ (Xinhua)