Connect with us

North America

မက္ကဆီကိုနိုင်ငံ၌  ၇.၅ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်

မက္ကဆီကိုနိုင်ငံ Oaxaca ပြည်နယ်၌ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် အပျက်အစီးများအားတွေ့ရစဉ်(ဆင်ဟွာ)

မက္ကကိုစီးတီး ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ တောင်ပိုင်းရှိ မြို့အများအပြား နှင့် နိုင်ငံအလယ်ပိုင်းရှိ ဒေသအများအပြားတွင် ဇွန် ၂၃ ရက် နံနက်ပိုင်းက ပြင်းအား ၇.၅ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော ငလျင်ကြီးတစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။

ယင်းငလျင်သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၂၉ မိနစ်တွင် လှုပ်ခတ်ခဲ့ကြောင်း နှင့် နိုင်ငံတောင်ပိုင်း Oaxaca ပြည်နယ်အတွင်းရှိ ပစိဖိတ်ကမ်းရိုးတမ်းကျေးရွာလေးတစ်ရွာဖြစ်သည့် La Crucecita ရွာ၏ တောင်ဘက် ၂၃ ကီလိုမီတာအကွာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မက္ကဆီကိုအမျိုးသားငလျင်တိုင်းတာရေးဌာန(SSN) က တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

မက္ကဆီကိုနိုင်ငံ Oaxaca ပြည်နယ်၌ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် အပျက်အစီးများအားတွေ့ရစဉ်(ဆင်ဟွာ)

ငလျင်ကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း Oaxaca ပြည်နယ်အုပ်ချုပ်ရေးမှူး Alejandro Murat က သတင်းဌာနတစ်ခုသို့ပြောကြားခဲ့သည်။မက္ကဆီကိုနိုင်ငံသမ္မတ Andres Manuel Lopez Obrador က ငလျင်ကြောင့် နိုင်ငံ၏ အဓိကအခြေခံအဆောက်အဦများဖြစ်သည့် ရေနံ နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ အပေါ် သက်ရောက်မှုမရှိကြောင်း ကြေညာခဲ့သည်။

မက္ကဆီကိုနိုင်ငံ Oaxaca ပြည်နယ်၌ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် အပျက်အစီးများအားတွေ့ရစဉ်(ဆင်ဟွာ)ငလျင်

အမျိုးသားပြည်သူ့ကာကွယ်ရေးညှိနှိုင်းဆောင်ရွက်မှုအဖွဲ့၏ ပြောကြားချက်အရ ငလျင်လှုပ်ခတ်မှုကို နိုင်ငံအတွင်းရှိ ပြည်နယ် ၇ ခုတွင် သိရှိခံစားခဲ့ရကြောင်း ဆိုသည်။မက္ကဆီကိုစီးတီးမြို့လယ်ခေါင်ရှိ အဆောက်အဦ နှစ်လုံး အနည်းငယ် ထိခိုက်ပျက်စီးသွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံသည် မြေလွှာ ပြတ်ရွေ့ကြော အမျိုးမျိုး ပေါ်တွင် တည်ရှိနေသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ လွန်ခဲ့သော ၃၅ နှစ်ခန့်က နိုင်ငံတောင်ပိုင်း နှင့် အလယ်ပိုင်းဒေသများတွင် လူအသေအပျောက် နှင့် ပျက်စီးဆုံးရှုံးမှုကြီးမားသည့် အင်အားပြင်း ငလျင်ဒဏ်ကို အကြိမ်ကြိမ်ခံစားခဲ့ရကြောင်း သိရသည်။(Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117