Connect with us

North America

COVID-19 ကူးစက်ခံရသူနှင့်ထိတွေ့မိပြီးနောက် မိုက်ပွမ်ပီယို အသွားအလာကန့်သတ်နေထိုင်လျက်ရှိ

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုအား ဝါရှင်တန်ဒီစီမြို့ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် COVID-19 ကူးစက်ခံရသူနှင့် ထိတွေ့မှုရှိခဲ့ပြီးနောက် အသွားအလာကန့်သတ်နေထိုင်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

“နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုဟာ COVID-19 ကူးစက်ခံရသူနှင့်ထိတွေ့ခဲ့တယ်လို့ သိရပါတယ်။ ကျွန်တော်တို့၏မူဝါဒအရ အဲဒီလူဟာ ဘယ်သူဆိုတာတော့ ပြောပြလို့မရပါဘူး။ နိုင်ငံခြားရေးဝန်ကြီးကတော့ ရောဂါစမ်းသပ်စစ်ဆေးရာမှာ ကူးစက်ခံရခြင်းတော့ မရှိပါဘူး။ CDC လမ်းညွှန်ချက်များအရ သူဟာ ကန့်သတ်နေထိုင်သွားမှာဖြစ်ပြီး ဌာနဆိုင်ရာ ကျန်းမာရေးအဖွဲ့က အနီးကပ်စောင့်ကြည့်သွားမှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

ပွမ်ပီယိုနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းများသည် ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း အားလပ်ရက် ပါတီပွဲများ ကျင်းပပြုလုပ်ခဲ့သဖြင့် အမေရိကန် မီဒီယာကဝေဖန်ပြောကြားထားကြောင်း သိရသည်။ (Xinhua)

————————–
(English Version)
Pompeo to quarantine after contact with COVID-19 case

Source: Xinhua| 2020-12-16 23:47:10|Editor: huaxia

WASHINGTON, Dec. 16 (Xinhua) — U.S. Secretary of State Mike Pompeo will be in quarantine after contact with someone who tested positive for COVID-19, the U.S. State Department said in a release on Wednesday.

“Secretary Pompeo has been identified as having come into contact with someone who tested positive for COVID. For reasons of privacy we can’t identify that individual. The Secretary has been tested and is negative. In accordance with CDC guidelines, he will be in quarantine. He is being closely monitored by the Department’s medical team,” said the release.

U.S. media have criticized Pompeo and the State Department for hosting holiday parties during the pandemic. Enditem
U.S. Secretary of State Mike Pompeo speaks during a press briefing in Washington D.C., the United States, Feb. 1, 2019. (Xinhua/Liu Jie)