Connect with us

North America

ကျူးဘားနိုင်ငံခေါင်းဆောင်က အမေရိကန်နိုင်ငံ၏ ကျူးဘားနိုင်ငံအပေါ်ထားရှိသော မူဝါဒသည် လုံးဝကျဆုံးသွားပြီဖြစ်ကြောင်းပြောကြား

ကျူးဘားနိုင်ငံ သမ္မတ Miguel Díaz-Canel မိန့်ခွန်းပြောကြားနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဟာဗားနား ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ကျူးဘားနိုင်ငံ သမ္မတ Miguel Díaz-Canel က အမေရိကန်နိုင်ငံ ဒေါ်နယ်ထရမ့် အစိုးရ အနေဖြင့် လတ်တလောနှစ်ပိုင်း အတွင်း ကျူးဘားနိုင်ငံတွင်း နိုင်ငံရေးအခွင့်အာဏာ တော်လှန်ရေး တစ်ရပ်ဖြစ်ပေါ်လာအောင် ကြံစည်လုပ်ကိုင်ခဲ့ပြီး ကျူးဘားနိုင်ငံမှ နောက်ဆုတ်ပေးမှုများ ပြုလုပ်ပေးရသည့် အခြေအနေ ဖြစ်အောင် ရည်ရွယ်၍ ဆောင်ရွက်ခဲ့သော်လည်း ယင်းမူဝါဒက လုံးဝကျဆုံးသွားပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။

Miguel Díaz-Canel က ဒီဇင်ဘာ ၁၇ ရက် ၌ ကျင်းပပြုလုပ်သော အမျိုးသား ပြည်သူ့နိုင်ငံရေး အာဏာပိုင် ကိုယ်စားလှယ်များ ပုံမှန်အစည်းအဝေးတွင် အွန်လိုင်း မှ တစ်ဆင့် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့ရာတွင် အမေရိကန်နိုင်ငံ ၏ လတ်တလောနှစ်ပိုင်းအတွင်း သက်ဆိုင်ရာ ဆောင်ရွက်မှုများ ပြုလုပ်ပြီး ကျူးဘားနိုင်ငံသို့ အလည်အပတ်ခရီးလာရောက်ခြင်းကို တာဆီးခြင်း ၊ ကျူးဘား နိုင်ငံ ၏ ငွေကြေးဖလှယ်မှုကို နှောင့်ယှက်ခြင်း ၊ ကျူးဘားနိုင်ငံမှ အခြားနိုင်ငံနှင့် ဆေးဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန်ကို တာဆီးခြင်း စသည့်ဆောင်ရွက်မှုများက ကျူးဘားနိုင်ငံ၏ အဓိက ဝင်ငွေဖြစ်သော ရေနံထောက်ပံ့မှုကို ဖြတ်တောက်ရန် နှင့် ကျူးဘားစီးပွားရေး ကို ဖိနှိပ်ရန် အတွက် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၊ အမေရိကန်နိုင်ငံ ၏ ကျူးဘား နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု သည် လူ့ကျင့်ဝတ်အရရော ၊ ဥပဒေအကြောင်းတရားအရရော ရပ်တည်၍ မရကြောင်း ၊ ကျူးဘားနိုင်ငံအနေဖြင့် အမြဲကြံ့ကြံ့ခံကာ ခုခံခဲ့ပြီး နောက်ဆုံးတွင် အောင်မြင်မှု ကို ရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကျူးဘားနိုင်ငံ သမ္မတ Miguel Díaz-Canel က ကျူးဘားနိုင်ငံ နှင့် အမေရိကန်နိုင်ငံ အကြား နိုင်ငံရေးအရ အငြင်းပွားမှုရှိနေသည်မှာ မှန်ကန်သော်လည်း အမေရိကန်နိုင်ငံအနေဖြင့် ကျူးဘားနိုင်ငံ အပေါ်ထားရှိသည့် အမြင်စောင်းမှုကို တိုးမြှင့်သည့် အခွင့်အာဏာမရှိကြောင်း ၊ ကျူးဘားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ နှင့်အတူတကွ နိုင်ငံတော်အချုပ်အခြာအာဏာ နှင့် တော်လှန်ရေးဆောင်ရွက်မှု စသည့် ကိစ္စ မှ လွဲ၍ အခြားမည်သည့် သဘောထားကွဲလွဲမှုကိုမဆို ဆွေးနွေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

၁၉၅၉ ခုနှစ်တွင် ကျူးဘားနိုင်ငံ၌ တော်လှန်ရေးအောင်မြင်ခဲ့ပြီးနောက်တွင် အမေရိကန်နိုင်ငံ အစိုးရ က ကျူးဘားနိုင်ငံအပေါ် ရန်လိုသည့် သဘောထားမူဝါဒကို ချမှတ်ခဲ့ကြောင်း ၊ ၁၉၆၁ ခုနှစ် တွင် အမေရိကန်နိုင်ငံ နှင့် ကျူးဘားနိုင်ငံ တို့က သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး နောက်နှစ်မှ စတင်၍ အမေရိကန်နိုင်ငံ က ကျူးဘားနိုင်ငံအပေါ် စီးပွားရေး ၊ ငွေကြေး နှင့် ကုန်သွယ်ရေး ပိတ်ဆို့မှုများကို စတင်ဆောင်ရွက်ခဲ့ကြောင်း ၊ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် နှစ်နိုင်ငံ အနေဖြင့် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့သော်လည်း အမေရိကန်နိုင်ငံအနေဖြင့် ကျူးဘား အပေါ် ဘက်စုံအရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့ခြင်းမရှိကြောင်း ၊ ၂၀၁၇ ခုနှစ်တွင် ဒေါ်နယ်ထရမ့် အစိုးရ အာဏာ ရရှိခဲ့ပြီးနောက်တွင် ကျူးဘား နိုင်ငံအပေါ်ထားရှိသည့် မူဝါဒ ကို ပိုမိုတင်းကျပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် မှ စတင်၍ အမေရိကန်နိုင်ငံ က ကျူးဘားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို အဆက်မပြတ် တိုးမြှင့်လာခဲ့ကြောင်း ၊ ၂၀၁၅ ခုနှစ် မေလ မှ စတင်၍ ၁၉၉၆ ခုနှစ်တွင် အတည်ပြုခဲ့သော Helms–Burton Act တတိယအချက် တွင် ပါဝင်သော အကြောင်းအရာ အားလုံးကို ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်း ၊ ယင်းဥပဒေသတ်မှတ်ချက်တွင် ကျူးဘားနိုင်ငံတော်လှန်ရေး အောင်မြင်ခဲ့ပြီးနောက်တွင် အမေရိကန်နိုင်ငံ ကုမ္ပဏီအချို့ နှင့် လူပုဂ္ဂိုလ် အချို့တို့၏ ပိုင်ဆိုင်မှု က ကျူးဘားနိုင်ငံအစိုးရ ၏ သိမ်းယူမှုကို ခံခဲ့ရသဖြင့် အမေရိကန်ပြည်သူများအနေဖြင့် အမေရိကန် နိုင်ငံ တရားရုံးတွင် အဆိုပါပိုင်ဆိုင်မှုကို အသုံးပြုခဲ့ကြသည့် ကျူးဘားနိုင်ငံ အလုပ်အကိုင်အဖွဲ့အစည်း နှင့် ၎င်းအလုပ်အကိုင်အဖွဲ့အစည်း နှင့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဆက်နွယ်မှုရှိသော ပြည်ပ နိုင်ငံများ အပေါ် တရားစွဲဆိုမှုပြုလုပ်နိုင်ကြောင်း ၊ အဆိုပါ ဥပဒေသတ်မှတ်ချက် တတိယအချက် နှင့်ပတ်သက်သော အကြောင်းအရာများက အမေရိကန်နိုင်ငံ နှင့် အခြားနိုင်ငံများ အကြားဆက်ဆံရေး ကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့် အတွက် အမေရိကန်နိုင်ငံ အဆက်ဆက်သော သမ္မတများက ယင်း ဥပဒေသတ်မှတ်ချက် တတိယ အချက်ကို အသုံးပြုရန် ရပ်ဆိုင်းထားလေ့ရှိကြောင်း သိရှိရသည်။ (Xinhua)

—————————————

(Chinese Version)
(国际)古巴领导人说美国对古政策“彻底失败”
2020-12-18 15:34:40 分类: 政治法律
  新华社c12月17日电(记者朱婉君)古巴国家主席迪亚斯-卡内尔17日表示,美国特朗普政府近年来企图推翻古巴革命政权、迫使古巴让步的反古政策“彻底失败”。
  迪亚斯-卡内尔当天在古巴首都哈瓦那以视频连线方式举行的全国人民政权代表大会常规会议上发表闭幕讲话时说,美国政府近年来采取阻碍向古侨汇、启动“赫尔姆斯-伯顿法”第三条、限制赴古旅行、扰乱古巴金融交易、阻挠古巴与第三国进行医疗合作等一系列“不适用于和平时期的措施”,目的是切断古巴主要收入来源和石油供应、扼杀古巴经济。美国对古经济封锁“在道德和法律上无法成立”,古巴将始终顽强抵抗并取得胜利。
  迪亚斯-卡内尔表示,古巴和美国确实存在政治分歧,但美国无权将其意志强加于古巴。古巴愿与美国就除主权、革命等原则问题以外的其他问题进行谈判。
  1959年古巴革命胜利后,美国政府对古巴采取敌视政策。1961年,美古断交。次年,美国对古巴实施经济、金融封锁和贸易禁运。2015年7月,两国恢复外交关系,但美国并未全面解除对古封锁。2017年特朗普政府上台后,美国再次收紧对古政策。2019年以来,美国不断升级对古制裁措施,自2019年5月起允许实施1996年通过的“赫尔姆斯-伯顿法”第三条全部内容。该条内容规定,古巴革命胜利后,一些美国公司和个人的财产被古巴政府“没收”,美国公民可以在美国法院向使用这些财产的古巴实体及与其有经贸往来的外国公司提起诉讼。由于担心执行第三条相关内容会严重影响美国与其他国家关系,历任美国总统都冻结第三条的使用。(完)

Photo
 4月19日,在古巴首都哈瓦那,新当选的国务委员会主席迪亚斯-卡内尔发表讲话。古巴第九届全国人民政权代表大会19日宣布,迪亚斯-卡内尔当选国务委员会主席。 新华社发(华金•埃尔南德斯 摄)