Connect with us

North America

အမေရိကန်နိုင်ငံတွင် ကလေးငယ်ပေါင်း ၁.၆ သန်းကျော် COVID-19 ရောဂါ ကူးစက်ခံရ

အမေရိကန်နိုင်ငံ ၌ COVID-19 ရောဂါ ကူးစက်ခံရမှု ရှိမရှိ စစ်ဆေးရန် စောင့်ဆိုင်းနေသူများအား နိုဝင်ဘာ ၁၁ ရက်က မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး

အမေရိကန်နိုင်ငံ ကလေးသူငယ်ကျန်းမာရေးဆိုင်ရာ သိပ္ပံလေ့လာမှုအကယ်ဒမီနှင့် ကလေးဆေးရုံတို့မှ နောက်ဆုံးထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစတင်၍ အမေရိကန်နိုင်ငံတွင် ကလေးငယ်ပေါင်း ၁.၆၄ သန်းခန့် ရောဂါ ကူးစက်ခံခဲ့ရကြောင်း ၊ ဒီဇင်ဘာ ၁၀ ရက်အထိ တစ်ပတ်အတွင်း အမေရိကန်နိုင်ငံတွင် ကလေးငယ်ပေါင်း ၁၈၀,၀၀၀ ခန့် COVID-19 ရောဂါ ထပ်မံကူးစက်ခံရခဲ့ရပြီး ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ တစ်ပတ်အတွင်း ကလေးငယ်ရောဂါ ကူးစက်ခံရမှုအများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ဒေသအသီးသီးတွင် ကလေးငယ်များ COVID-19 ရောဂါ ကူးစက်ခံရမှုကို စာရင်းပြုစုထားသော ထုတ်ပြန်ချက်တစ်စောင်ဖြစ်သည်။ ဒီဇင်ဘာ ၁၀ ရက် အထိ အမေရိကန် နိုင်ငံတွင် ကလေးငယ်ပေါင်း ၁,၆၃၉,၇၂၈ဦး COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး ယင်းမှာ နိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၏ ၁၂.၂ ရာခိုင်နှုန်း ရှိကြောင်း ၊ အမေရိကန်နိုင်ငံ ကလေးငယ်တစ်သိန်းတိုင်းတွင်း ၂,၁၇၉ ဦး က COVID-19 ရောဂါ ကူးစက်ခံခဲ့ရကြောင်း သိရသည်။

ထုပ်ပြန်ခဲ့သည့် စာရင်းပြုစုချက်အရ လတ်တလောကာလအတွင်း အမေရိကန် နိုင်ငံ၌ ကလေးငယ်များ COVID-19 ရောဂါ ကူးစက်မှု ပိုမိုမြန်ဆန်လာကြောင်း ၊ နိုဝင်ဘာ ၂၆ ရက် မှ ဒီဇင်ဘာ ၁၀ ရက်အထိ နှစ်ပတ်ကြာအချိန်အတွင်း အမေရိကန်ကလေးငယ်များ COVID-19 ရောဂါ ကူးစက်ခံရမှုမှာ ၂၃ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ပြီး ကလေးငယ်ပေါင်း ၃ သိန်းကျော် ထိ ရောဂါ ထပ်မံကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း ၊ အမေရိကန်နိုင်ငံတွင် ကလေးငယ်များ COVID-19 ရောဂါ ကြောင့် ဆေးရုံးတက်ရောက် ကုသမှု ခံယူရသူ ၁.၂ မှ ၂.၉ ရာခိုင်နှုန်း ခန့်သာ ရှိကြောင်း ၊ သေဆုံးမှု မှာ အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးတွင် ဝ.၂၁ ရာခိုင်နှုန်းအောက်တွင်သာရှိကြောင်း ၊ အမေရိကန် နိုင်ငံတွင် ကလေးသူငယ်၏ အသက်သတ်မှတ်ချက်မှာ အမျိုးမျိုးကွဲပြားနေပြီး အများစုမှာ သုညနှစ် မှ ၁၉ နှစ် အထိ အကြုံးဝင်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ကလေးသူငယ်ကျန်းမာရေးဆိုင်ရာ သိပ္ပံလေ့လာမှုအကယ်ဒမီက လက်ရှိတွင် ကလေးငယ်များ COVID-19 ရောဂါ ဝေဒနာ ပြင်းထန်စွာ ခံစားရသူမှာ အလွန်နည်းပါသော်လည်း သက်ဆိုင်ရာ ကလေးသူငယ်များနှင် ပတ်သက်သော အချက်အလက်များကို ဆက်လက်စုဆောင်းသွားရမည်ဖြစ်ကြောင်း ၊ စာရင်းအချက်အလက်များစုဆောင်းရာတွင် COVID-19 ရောဂါ က ရောဂါကူးစက်ခံရသည့် ကလေးငယ်များအပေါ် ကျန်းမာရေးဆိုင်ရာသက်ရောက်မှု နှင့် စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုများလည်းပါဝင်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ ဒီဇင်ဘာ ၁၅ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်း စံတော်ချိန် ညပိုင်းအထိ ထုတ်ပြန်ကြေညာချက်အရ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၆.၆၇ သန်းကျော်အထိ ရှိပြီး သေဆုံးသူ ၃၀၃,၀၀၀ ကျော်အထိ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။ (Xinhua)

————————————————-
(Chnese Version)

(国际疫情)美国逾160万儿童感染新冠

  新华社华盛顿12月15日电(记者谭晶晶)美国儿科学会和儿童医院协会联合发布的最新报告显示,自新冠疫情暴发以来,美国已有近164万名儿童确诊感染新冠病毒。在截至12月10日的一周内新增儿童确诊病例近18万例,创疫情暴发以来单周最高纪录。

  这份报告统计了美国各地公布的儿童新冠感染病例。数据显示,截至12月10日,美国累计报告1639728例儿童确诊病例,占新冠病例总数的12.2%,每10万名儿童中有2179人感染。
  数据还显示,近期美国儿童感染病例快速增加。在11月26日至12月10日的两周内,儿童新冠确诊病例数增长了约23%,共增加了超过30万例。
  统计还表明,美国儿童新冠住院病例占所在州新冠住院病例总数的1.2%至2.9%不等,儿童新冠死亡病例占所在州新冠死亡病例总数的0.21%以下。美国各地对儿童年龄的界定不尽相同,大部分州将儿童年龄界定为0至19岁。

  美国儿科学会说,目前看来,儿童新冠重症病例非常少见,但迫切需要收集更多有关新冠疫情对儿童长期影响的数据,包括新冠病毒如何损害儿童患者的身体健康、情绪及心理健康等。
  美国约翰斯•霍普金斯大学发布的统计数据显示,截至美国东部时间15日晚,美国累计新冠确诊病例超过1667万例,累计死亡病例超过30.3万例。(完)

Photo
 11月21日,人们在美国纽约排队等待接受新冠病毒检测。美国约翰斯•霍普金斯大学21日发布的新冠疫情最新统计数据显示,美国累计确诊病例超过1200万例。新华社发(郭克摄)