North America
အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အာရှသို့ အလည်အပတ် သွားမည့်ခရီးစဉ်တွင် DPRK ကိစ္စနှင့် ဒေသတွင်း အရေးကိစ္စများကို အာရုံစိုက်မည်

ဝါရှင်တန်၊ ဖေေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံက အသစ်ခန့် အပ်လိုက်တဲ့ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) သည် တောင်ကိုရီးယား(ROK) ၊ တရုတ်နှင့် ဂျပန်နိုင်ငံသို့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၉ ရက်နေ့မှ ၁၄ ရက် နေ့အထိ သွားရောက်မည် ဖြစ်ပြီး ၎င်းခရီးစဉ်တွင် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (DPRK) အရေး နှင့် အခြား ဒေသတွင်း အကြောင်းအရာများကို အလေးထား ဆောင်ရွက်သွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရေးဌာန ၏ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သော ထုတ်ပြန်ချက်အရ သိရသည်။
ဘလင်ကန်သည် ဖေဖော်ဝါရီလ ၉ ရက် မှ ၁၀ ရက် အထိ ဆိုးလ်မြို့၊ ဖေဖော်ဝါရီလ ၁၀ ရက် မှ ၁၂ ရက်အထိ ပေကျင်း ၊ ဖေဖော်ဝါရီ ၁၂ ရက် မှ ၁၄ ရက် အထိ တိုကျို မြို့သို့ အလည်အပတ်ခရီး သွားရောက် မည်ဖြစ်သည်။
ထုတ်ပြန်ချက်အရ ၎င်း၏ အလည်အပတ် ခရီးစဉ်တွင် တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တွင် DPRK အရေးကိစ္စကို ဆက်လက် ပူပေါင်း ဆောင်ရွက်ရေးနှင့် ပေကျင်း ခရီးစဉ်တွင် အမေရိကန်-တရုတ် အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးပွဲ နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေရေး တို့ကို အဓိကထား ဆောင်ရွက် မည်ဖြစ်သည်။
ဘလင်ကန်သည် တိုကျိုမြို့တွင် အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင်း အမေရိကန်၏ စီးပွားရေး မူဝါဒနှင့် ပတ်သက်၍ မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။ (Xinhua)
