Connect with us

North America

အပြန်အလှန် ဆွေးနွေးခြင်းဖြင့် သမိုင်းကြောင်းကိစ္စ ဂျပန်ဖြေရှင်းရန် အမေရိကန် တိုက်တွန်း

တရုတ်ပြည် နန်ကျင်းမြို့ရှိငြိမ်းချမ်းရေးခေါင်းလောင်းကြီး (ဆင်ဟွာ)

တရုတ်ပြည် နန်ကျင်းမြို့ရှိငြိမ်းချမ်းရေးခေါင်းလောင်းကြီး (ဆင်ဟွာ)

ဂျပန်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် သမိုင်းကျန် ကိစ္စများကို တွေ့ဆုံသည့် နည်းလမ်းဖြင့် ဆက်လက်ဖြေရှင်းပေးရန် အမေရိကန်ပြည်ထောင်စုမှ ဇန်နဝါရီလ ၆ ရက်တွင် တိုက်တွန်းခဲ့သည်။

“ အိမ်နီးချင်းများနှင့် စိုးရိမ်စရာကောင်းတဲ့ သမိုင်းကြောင်းကိစ္စတွေကို ဂျပန်အနေနဲ့ ခင်မင်ရင်းနှီးစွာဖြင့် ဆက်လက်ဆွေးနွေး ဖြေရှင်းဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု State Department မှ ပြောရေးဆိုခွင့် ရှိသူ Jen Psaki က ဆိုသည်။

ယခုနှစ်သည် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသော နှစ် (၇၀) ပြည့်သည့် နှစ်ဖြစ်သည်။ ယခင်ဂျပန် ဝန်ကြီးချုပ်ဟောင်း Tomiichi Murayama နှင့် အစိုးရဝန်ကြီးအဖွဲ့အတွင်းရေးမှူးဟောင်း Yohei Kono တို့လည်း တောင်းပန်ခဲ့ကြသည်။ စစ်ကာလတွင် ဂျပန်၏ ရန်စကျူးကျော်မှုများ၊ တပ်သားသစ်စုဆောင်းမှုများ နှင့် အာရှအမျိုးသမီးများအား လိင်ကျွန် အဖြစ် ပြုလုပ်ခဲ့ခြင်းများအပေါ် တောင်းပန်ကြောင်း ၁၉၉၅ ခုနှစ် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် နှစ် (၅၀) ပြည့်အခမ်းအနား တွင် Murayama က ပြောဆိုခဲ့သည်။

ဂျပန်အနေဖြင့် သမိုင်းကြောင်းနှင့် ပတ်သက်သည့် ကိစ္စတွင် ၎င်းတို့ပေးထားသည့် ကတိကို လိုက်နာဖို့ တရုတ်နိုင်ငံ က တိုက်တွန်းထားသည်။ ဂျပန်အစိုးရနှင့် ခေါင်းဆောင်တွေအနေနဲ့ အရင်က ကျူးကျော် ရန်စခဲ့သည့် သမိုင်းကိစ္စများကို ၎င်းတို့အနေဖြင့် ကမ္ဘာကို မည်သို့မည်ပုံ ပြောဆိုမှုတွေ ပြုလုပ်မည်ကို တရုတ်အနေဖြင့် စောင့်ကြည့်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Hong Lei ကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.