North America
အမေရိကန်နိုင်ငံ ဓာတုကုမ္ပဏီကြီး DuPont က အစ္စရေးနိုင်ငံ၏ ဆားငန်ရေကို ရေချိုပြုလုပ်သောနည်း တီထွင်သည့်ကုမ္ပဏီကို ဝယ်ယူ

ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဓာတုကုမ္ပဏီကြီးဖြစ်သော DuPont က ထိရောက်ပြီး ကုန်ကျစရိတ်နည်းပါးသော ဆားငန်ရေကို ရေချိုအဖြစ်ပြောင်းလဲထုတ်လုပ်နည်းစနစ်ကို တီထွင်သည့် အစ္စရေးကုမ္ပဏီ Desalitech ကို ဝယ်ယူလိုက်ကြောင်း နှစ်ဘက်ကုမ္ပဏီက ဒီဇင်ဘာ ၁၁ ရက်က ကြေညာလိုက်သည်။
သဘောတူညီချက်ဆိုင်ရာ ငွေကြေးပမာဏ အသေးစိတ်ကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။
Desalitech ၏ အဆိုအရ ယင်းနည်းစနစ်သည် စွမ်းအင်သုံးစွဲမှုကို ၃၅ ရာခိုင်နှုန်း လျှော့ချပြီး ယခုလက်ရှိအရာထက် ကုန်ကျစရိန် ၂၀ ရာခိုင်နှုန်း သက်သာမည်ဖြစ်ကြောင်း သိရသည်။
အစ္စရေးနည်းစနစ်သည် ရေစစ်ကိရိယာ၏တစ်ဖက်တွင် သန့်စင်ထားသောရေကို သိမ်းထားပြီး အခြားတစ်ဖက်မှ ရေသန့်ကို ဖြတ်သန်းစီးဆင်းစေသည့် reverse osmosis နည်းပညာအပေါ် အခြေခံထားခြင်း ဖြစ်သည်။ (Xinhua)