Connect with us

North America

အမေရိကန်က မြောက်ကိုရီးယားကို အနီးကပ် စောင့်ကြည့်နေဟု သမ္မတ ထရန့် ပြော

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်အား အခမ်းအနား တစ်ခုတွင် တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယား အနေဖြင့် မည်သည့် ကိစ္စကို မဆို ယတိပြတ် ဖြေကြားခြင်း မပြုဘဲ ညှိနှိုင်းဆဲ ၊ ဆွေးနွေးဆဲဟုသာ ပြန်ကြားနေခြင်းကြောင့် ၎င်းအနေဖြင့် စိတ်ပျက်ရကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

မည်သည့် ကိစ္စကို မဆို ယတိပြတ် ဖြေကြားခြင်း မပြုဘဲ ညှိနှိုင်းဆဲ ၊ ဆွေးနွေးဆဲဟုသာ ပြန်ကြားနေခြင်းကြောင့် ၎င်းအနေဖြင့် စိတ်ပျက်ရသော်လည်း ယင်းအခြေအနေကို ဂရုတစ်စိုက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က အိမ်ဖြူတော်၌ မြောက်ကိုရီးယား နိုင်ငံ၏ နောက်ဆုံး တိုးတက်မှု အခြေအနေကို သတင်းထောက်များ၏ မေးမြန်းမှုကို ပြောကြားခဲ့သည်။ 

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်က အသေးစိတ် ပြောကြားခြင်း မရှိဘဲ မြောက်ကိုရီယားကို အနီးကပ် စောင့်ကြည့်နေကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ သမ္မတ ဒေါ်နယ်ထရန့်က ယင်းမှတ်ချက်အား ဒီဇင်ဘာ ၇ ရက် နှင့် ၁၃ ရက်တို့တွင် မြောက်ကိုရီးယားက အရေး ကြီးသော စမ်းသပ်မှု နှစ်ခုကို Sohae မြေပြင်ဒုံးပစ်စင်မှ လုပ်ဆောင်ခဲ့ပြီးနောက် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယား ကာကွယ်ရေး သိပ္ပံ အကယ်ဒမီက ထုတ်ပြန်ချက်တွင် ကာကွယ်ရေး သိပ္ပံက မှတ်ပုံ တင်ထား သည့် ၎င်းတို့၏ တစ်ခုပြီး တစ်ခု အောင်မြင်မှုများက မကြာမီ မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယား မဟာဗျူဟာ တားဆီးမှုကို အားထားနေရမှု အပေါ် ပိုမို အထောက်အကူ ဖြစ်လာစေမည်ဟု ဖော်ပြထားကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ဒီဇင်ဘာ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Ri Thae Song ကလည်း ဒီဇင်ဘာလ အစောပိုင်းတွင် အမေရိကန် အနေဖြင့် မြောက်ကိုရီးယား၏ မည်သို့သော ခရစ်စမတ် လက်ဆောင်ကို လက်ခံမည်ကို ဆုံးဖြတ်ရတော့မည် ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့သည်။

မြောက်ကိုရီးယား အတွက် အမေရိကန် အထူး သံတမန် Stephen Biegun က တောင်ကိုရီးယား နိုင်ငံ သမ္မတ Moon Jae-in နှင့် ဒီဇင်ဘာ ၁၆ ရက်တွင် ဆိုးလ်မြို့၌ တွေ့ဆုံမှု အတွင်း ပြောကြားရာတွင် အမေရိကန် နိုင်ငံက တွေ့ဆုံ ဆွေးနွေးရေး နှင့် သံတမန်ရေး နည်းလမ်းမှ တစ်ဆင့် ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး ကြိုးစားအားထုတ်နေမှုများမှာ မယိမ်းယိုင်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယား နှင့် အမေရိကန် နိုင်ငံတို့သည် အောက်တိုဘာလတွင် စတော့ဟုမ်းမြို့၌ နျူကလီးယား ကင်းစင်ရေး အလုပ်အဆင့် ဆွေးနွေးမှုအား ပြုလုပ်ခဲ့သော်လည်း တိုးတက်မှု မရှိဘဲ အဆုံးသတ်ခဲ့သည်။ မြောက်ကိုရီးယားက နျူကလီးယား ကင်းစင်ရေး စေ့စပ် ညှိနှိုင်းမှုများအား ယခုနှစ်ကုန်တွင် နောက်ဆုံးထားရန် သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117