Connect with us

North America

Facebook အမှုဆောင်အရာရှိချုပ် နှင့် ဇနီးတို့က ဆေးသုတေသနအတွက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံလှူဒါန်းမည်

Facebook အမှုဆောင်အရာရှိချုပ် ဇူကာဘတ် အားတွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ရောဂါဘယအားလုံးကို ကြိုတင်ကာကွယ်ခြင်း နှင့် အမြစ်ပြတ်ကုသခြင်း တို့ကို ၂၁ ရာစုနှစ်တွင် အဆုံးသတ်လုပ်ဆောင်နိုင်ရန် လာမည့် ၁ဝ နှစ်အတွင်း ဆေးသုတေသနလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကို ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း Facebook အမှုဆောင်အရာရှိချုပ် ဇူကာဘတ်၏ ဇနီးဖြစ်သူ ချန်ဇူကာဘတ်က စက်တင်ဘာလ ၂၁ ရက်တွင် ပြောကြားလိုက်သည်။

ကလေးတစ်ဦးမိခင် နှင့် တရုတ်- ဗီယက်နမ် အောက်ခြေဆင်းရဲသား မိသားစုမှ မွေးဖွားလာခဲ့သူ ချန်ဇူကာဘတ်သည် ပညာရေးကို အထူးလိုလားသူတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၌ ပြုလုပ်သော အခမ်းအနားတစ်ခုတွင် ဆေးသုတေသနအတွက် ငွေကြေးထောက်ပံ့လှူဒါန်းခြင်း နှင့်ပတ်သက်၍ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဇူကာဘတ်တို့ဇနီးမောင်နှံသည် သမီးငယ် Maxima Chan Zuckerberg အားမွေးဖွားခြင်း အထိမ်းအမှတ်အဖြစ် Chan Zuckerberg Initiative (သို့မဟုတ်) CZI စေတနာ့ဝန်ထမ်းလူမှုကူညီရေးအဖွဲ့အစည်းတစ်ခုကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
အဆိုပါ အဖွဲ့အစည်းမှ သီးခြားအစီအစဉ်တစ်ခုဖြစ်သည့် ချန်ဇူကာဘတ်သိပ္ပံပညာ(CZS) စီမံကိန်းသည် ဆေးသုတေသနလုပ်ငန်းများအတွက် လိုအပ်သော ပစ္စည်းကိရိယာများကို တီထွင်ရန် သိပ္ပံပညာရှင်များ နှင့် အင်ဂျင်နီယာများကို အတူတကွပေါင်းစပ်ဖွဲ့စည်းထားသော အစီအစဉ်သစ် တစ်ခုဖြစ်ကြောင်း သိရသည်။
ချန် ကပြောကြားရာတွင် “ လမ်းလျှောက်ခရီးသွားခဲ့သူ တစ်ဦးအနေနဲ့ဘဝမှာ အခက်အခဲဆုံးအချိန်တွေကို ရင်ဆိုင်ရုန်းကန်နေရသူတွေနဲ့ကျွန်မ အတူ အလုပ်လုပ်ခဲ့ရဖူးတယ် ” ဟု ဆိုသည်။ထို့ပြင် “ ရောဂါတွေကို ကုသပျောက်ကင်းဖို ဆိုတဲ့ရည်မှန်းချက်အတွက် အခြေခံ သိပ္ပံပညာဆိုင်ရာ သုတေသနလုပ်ငန်းတွေကို စူးစမ်းလေ့လာဖို့ရင်းနှီးမြှုပ်နှံသွားရမှာပေါ့” ဟု ချန်က ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါ အလှူငွေ အမေရိကန်ဒေါ်လာ ၃ ဘီလီယံအနက် CZS အစီအစဉ်ဖြင့် ကယ်လီဖိုးနီးယားတက္ကသိုလ် သုတေသနစင်တာအသစ်တွင်ပြုလုပ်မည့် ဇီဝဗေဒအချက်အလက် ဆိုင်ရာ သုတေသနလုပ်ငန်းအတွက်ဒေါ်လာ သန်း ၆ဝဝအသုံးပြုသွားမည်ဖြစ်သည်။ အဆိုပါ သုတေသန လုပ်ငန်းကို ကယ်လီဖိုးနီးယားတက္ကသိုလ် Berkeley နှင့် စတန်းဖို့ဒ်(Stanford) တက္ကသိုလ်များမှ သုတေသီများလည်း ပူးပေါင်းပါဝင်ကြမည်ဖြစ်ကြောင်း သိရသည်။
CZS စီမံကိန်းကို ဦးနှောက်နှင့်အာရုံကြောပါရဂူ Cori Bragmann က ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သုတေသနလုပ်ငန်းမှ ရရှိလာမည့် အကျိုးအမြတ်များကို ဆရာဝန်များ နှင့် သုတေသီအားလုံးက ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ချန်ဇူကာဘတ်က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.