Connect with us

North America

မင်းသားဘရက်ပစ် ထံ မင်းသမီး ဂျိုလီ ကွာရှင်းခွင့် တောင်းလိုက်ပြီ

ကမ္ဘာကျော်ဟောလီဝုဒ်မင်းသားဘရက်ပစ် နှင့် မင်းသမီး ဂျိုလီ စုံတွဲအားတွေ့ရစဉ်(ဆင်ဟွာ)

လောစ့်အိန်ဂျလိစ် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ကမ္ဘာကျော် အော်စကာဆုရှင် ဟောလိဝုတ်မင်းသမီး အင်ဂျလီနာဂျိုလီသည် စက်တင်ဘာလ ၁၉ ရက်တွင် ခင်ပွန်းဖြစ်သူ မင်းသား ဘရက်ထံ ကွာရှင်းခွင့်တောင်းလိုက်ပြီဖြစ်ရာ ဟောလီဝုဒ်ရုပ်ရှင်လောက၏ အကျော်ကြားဆုံး လင်မယားစုံတွဲသည် လမ်းခွဲကြရန် အကြောင်းဖန်လာပြီဖြစ်သည်။

အသက် ၄၁ နှစ်အရွယ်ရှိ မင်းသမီး ဂျိုလီသည် ၎င်း၏ ကွာရှင်းခွင့်တောင်းခံလွှာကို လော့စ်အိန်ဂျလိစ် တရားရုံးချုပ်ထံ စက်တင်ဘာလ ၁၉ ရက်က ပေးပို့ခဲ့ပြီး ၎င်းတို့နှစ်ဦးအကြားရှိ မတူခြားနားချက်များကို ညှိနှိုင်း၍ မရတော့သဖြင့် ယခုကဲ့သို့ကွာရှင်းခွင့် တောင်းခံရခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
ထို့ပြင် ဂျိုလီက ၎င်းတို့၏ ကလေး ခြောက်ယောက်ကို ဆက်လက်မွေးမြူထိန်းကျောင်းခွင့်ရရှိ ရေး အတွက် တရားရုံးတွင် လျှောက်ထားမေးမြန်းခဲ့ပြီး ၊ ဘရက်ပစ်အားလည်း ကလေးများထံလာရောက်လည်ပတ်ခွင့် ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ သို့သော် မယားစရိတ်ထောက်ပံ့ကြေး နှင့် ပတ်သက်၍ ဂျိုလီက တစ်စုံတစ်ရာမေးမြန်းတောင်းခံခဲ့ခြင်းမရှိကြောင်း သိရသည်။ ကလေး ၆ ဦးအနက် သုံးဦးမှာ ၎င်းတို့၏ သားသမီးအရင်းများဖြစ်ကြပြီး ကျန်သုံးဦးမှာ အာဖရိက မှ နှစ်ဦး နှင့် ဗီယက်နမ်နိုင်ငံမှ တစ်ဦး မွေးစားထားခြင်းဖြစ်သည်။
ဘရက်ပစ် နှင့် ဂျိုလီတို့သည် ၂ဝဝ၄ ခုနှစ်ကတည်းက အတူတကွ နေထိုင်ခဲ့ကြပြီး ၂ဝ၁၄ ခုနှစ် သြဂုတ်လ မှသာ တရားဝင်လက်ထပ်ခဲ့ကြသည်။ တရားရုံး၏ မှတ်တမ်းများအရ ၎င်းတို့နှစ်ဦးသည် ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် လက်ထပ်ပေါင်းသင်းချိန် ၂ နှစ် နှင့် ၁ လတိတိရှိခဲ့ကြောင်း ဖော်ပြထားသည်။
People မဂ္ဂဇင်းက “ သူတို့စုံတွဲ ကွဲရှင်းလိုက်တာကို အရမ်းအံ့သြမိပါတယ်။ ဒီနှစ်အတွင်းမှာ သူတို့နှစ်ယောက်ဟာ သေချာပေါက် အချိန်အကြာကြီးအတူတူ ကုန်ဆုံးကြမှာပါ။ ဒါပေမယ့် အခုချိန်ထိ အံ့သြတုန်လှုပ်စရာပါပဲ။ စိတ်ထဲမှာတော့ သူတို့မင်္ဂလာ နှစ်ပတ်လည်နေ့ကို အတူတကွ ကျင်းပနေသလိုမျိုးပဲ ခံစားနေရတယ်” ဟု ရေးသားဖော်ပြထားသည်။
ထိုသို့ကွာရှင်းပြတ်ဆဲခြင်းအပေါ် မင်းသားဘရက်ပစ်က “ ကျွန်တော်အရမ်းဝမ်းနည်းမိပါတယ်။ အထူးသဖြင့် ကလေးတွေရဲ့ နောင်ရေးအတွက်ပေါ့။ ကလေးတွေကြုံတွေ့နေရတဲ့ စိန်ခေါ်မှုကို အတိုင်းအတာတစ်ခုထိ ဖြေသာဖို့သတင်းမီဒီယာတွေအနေနဲ့အချိန်ပေးဖို့မေတ္တာရပ်ခံချင်ပါတယ်” ဟု People မဂ္ဂဇင်းတွင် ရေးသားဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.