North America
တစ်ကမ္ဘာလုံးတွင် Facebook ဝန်ဆောင်မှု ပြတ်တောက်ခြင်းကြုံတွေ့ရ

ဆန်ဖရန်စစ္စကို ၊ မတ် ၁၄ ရက် (ဆင်ဟွာ)
Facebook အပါအဝင် ၎င်း၏ အဓိက ဆိုရှယ်မီဒီယာများဖြစ်သော Facebook, Instagram, နှင့် WhatsApp တို့သည် တစ်ကမ္ဘာလုံးရှိ အချို့သော နေရာများတွင် ဝန်ဆောင်မှုဖြတ်တောက်ခဲ့ကြောင်း မတ်လ ၁၃ ရက်နေ့တွင် Facebook ကပြောခဲ့သည်။
တစ်ကမ္ဘာလုံးမှ Facebook အသုံးပြုသူများ သည် ၎င်းတို့ ၏ အကောင့် များကို logging (လော့အင်ဝင်) ခြင်း သို့မဟုတ် ဝက်ဘ်ဆိုက်ပေါ်မှ ပို့စ် များကို ကူးယူ သည့်အခါ Facebook စာမျက်နှာမှ နောက်ဆုံးသတင်းအချက်အလက် များကို ကြည့်၍ မရခြင်း သို့မဟုတ် အချက်အလက်သစ်၊ ဖိုင်အသစ်များကိုတင်၍ မရခြင်း များ ဖြစ်ပေါ်ခဲ့ကြောင်း Facebook အသုံးပြုသူတို့မှ သတင်းပို့ခဲ့သည်။
Facebook အနေဖြင့် အား မတ်လ ၁၃ ရက်နေ့တွင် ဝန်ဆောင်မှုပြတ်တောက် ခြင်း နှင့်ပတ်သက်၍ တွစ်တာတွင်ဝန်ခံခဲ့သော်လည်း မည်သည့်အကြောင်းကြောင့့်ပြသနာဖြစ်ရခြင်းအကြောင်းအား သတင်းအချက်အလက် အနည်းငယ်သာ ပါရှိခဲ့သည်။
“ ကျွန်တော်တို့ က လတ်တလောက်မှာ သုံးစွဲသူတစ်ချို့က ပြသနာဖြစ်တာကို သတိပြုမိပါတယ်။ Facebook ဝန်ထမ်းတွေက apps တွေကို ဝင်ရောက်ကြည့်ရှုနေပါတယ်’’ ဟုFacebook ကပြောသည်။
၎င်းပြဿနာ နှင့် ပက်သက်၍ အချိန်တိုအတွင်းဖြေရှင်းနိုင်ရန် အာရုံစိုက်၍ လုပ်ဆောင်လျက်ရှိကြောင်း တစ်ကမ္ဘာလုံး၏ အကြီးဆုံးဆိုရှယ်မီဒီယာ network က ဖြည့်စွက်ပြောကြားခဲ့သည်။
ဝန်ဆောင်မှုတုံ့ဆိုင်းခဲ့ခြင်းသည် ဘာအတွက်ဖြစ်ပေါ်ခဲ့သလဲဆိုသည့် ကို အသေးစိတ်အချက်အလက်များရှင်းလင်းထားခြင်းမရှိသော်လည်း ၎င်း၏ platform သို့ မဟုတ်ဆာဗာများ ကို denial-of-service (DDoS) က တိုက်ခိုက်မှု နှင့်ဆက်စပ်မှုမရှိကြောင်း Facebook က အတည်ပြုခဲ့သည်။ (Xinhua)