Connect with us

North America

အီသီယိုးပီးယားတွင် လေယာဉ်ပျက်ကျမှုဖြစ်ပွားပြီးနောက် ဘိုးရင်းက 737 MAX လေယာဉ်၏ ဆော့ဖ်ဝဲပိုင်း အဆင့်မြှင့်တင်ရန်ရှိ

ဘိုးရင်း 737 MAX လေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ မတ် ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ထိပ်တန်း လေယာဉ်ထုတ်လုပ်ရေး ဘိုးရင်းကုမ္ပဏီက လာမည့်သီတင်းပတ်များအတွင်း ဘိုးရင်း 737 MAX လေယာဉ်များအား ဘေးကင်းစိတ်ချရသော ဆော့ဖ်ဝဲအဆင့်မြှင့်တင်ခြင်း ပြုလုပ်ရန် စီစဉ်နေကြောင်း မတ်လ ၁၁ ရက်က ပြောကြားလိုက်သည်။

ယင်း အစီအစဉ်အား အမေရိကန် ပြည်ထောင်စုလေကြောင်းဦးစီးဌာန(FAA) နှင့်အတူ ဆော့ဖ်ဝဲအဆင့်မြှင့်တင်ခြင်း လုပ်ဆောင်ရန်ရှိကြောင်း၊ ထိုဆော့ဖ်ဝဲအဆင့်မြှင့်တင်ခြင်းဖြင့် ဘေးကင်းသော လေကြောင်းပျံသန်းရန် လုံခြုံစိတ်ချရကြောင်း ညွှန်ကြားချက်တစ်ခုအား ဧပြီလထက်နောက်မကျစေဘဲ ထုတ်ပြန်ရန် FAA က မျှော်လင့်ကြောင်း ဘိုးရင်းက ပြောကြားခဲ့သည်။

မတ်လ ၁၀ ရက် နံနက်ပိုင်းက အီသီယိုးပီးယား လေကြောင်းလိုင်းမှ 737 MAX ၈ လေယာဉ်တစ်စင်း ပျက်ကျကာ လေယာဉ်ပေါ်လိုက်ပါသွားသူ ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း ၁၅၇ ဦး သေဆုံးမှုဖြစ်ပွားပြီး နောက်တစ်နေ့တွင် ဘိုးရင်းကကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေယာဉ်ပျက်ကျမှုသည် ငါးလအတွင်း မော်ဒယ်တူ လေယာဉ်နှစ်စင်း ပျက်ကျကာ ဒုတိယအကြိမ်မြောက် ကြောက်မက်ဖွယ် လူသေဆုံးမှုလည်း ဖြစ်သည်။

အခြား ဘိုးရင်း 737 MAX 8 လေယာဉ်တစ်စင်းမှာလည်း ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ဂျကာတာမြို့မှ ထွက်ခွာပြီးမကြာမီ ပျက်ကျသွားခဲ့ကာ လူ ၁၈၉ ဦး သေဆုံးခဲ့သည်။

ဘိုးရင်းအနေဖြင့် မတ်လ ၁၁ ရက်က ကြေညာခဲ့သော လေယာဉ်ဆော့ဖ်ဝဲ အဆင့်မြှင့်တင်ရန် ကြေညာခြင်းမှာ မတ်လ ၁၀ ရက်က အီသီယိုးပီးယားလေကြောင်းလိုင်း ခရီးစဉ်အမှတ် ၃၀၂ ပျက်ကျခြင်းအား တိုက်ရိုက်ရည်ညွှန်းထားခြင်း မရှိသော်လည်း “ယင်းလေယာဉ်ပျက်ကျမှုတွင် မိသားစု ဆုံးရှုံးရသူများအတွက် အလွန် ကြေကွဲဝမ်းနည်းရပါကြောင်း” ဖော်ပြခဲ့သည်။

ဒေသခံအာဏာပိုင်များအား နည်းပညာကူညီမှုပေးရန် လေယာဉ်ပျက်ကျရာနေရာသို့ နည်းပညာအဖွဲ့တစ်ဖွဲ့ ရောက်ရှိနေကြောင်း ဘိုးရင်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.