Connect with us

North America

ယခုနှစ်ကုန်တွင် အိမ်ဖြူတော်အရာရှိချုပ် John Kelly ရာထူးမှ နုတ်ထွက်မည်ဟု သမ္မတထရမ့်ပြော

အမေရိကန်နိုင်ငံ အိမ်ဖျြူတော်အရာရှိ John Kelly အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ယခုနှစ်ကုန်တွင် အိမ်ဖြူတော်အရာရှိချုပ် John Kelly ရာထူးမှ နုတ်ထွက်တော့မည်ဟု ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ထရမ့်က ပင်ဆူဗေးနီးယားတွင် ကျင်းပမည့် အမေရိကန် ကြည်းတပ်-ရေတပ် ဘောလုံးပြိုင်ပွဲကြည့်ရန် မထွက်ခွာမီ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များအားပြောကြားရာတွင် Kelly အား “ သိပ်တော်တဲ့ လူတစ်ယောက်ပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

“ ရာထူးနှစ်ခုကြားမှာ သူဒီမှာ လုပ်ကိုင်ခဲ့တာ ၂ နှစ်ကျော်ပါပြီ” ဟု ထရမ့်က ပြောကြားခဲ့ပြီး “ သူလုပ်ကိုင်ခဲ့တာနဲ့ပတ်သက်ပြီး ကျွန်တော်သိပ်ကို ဂုဏ်ယူပါတယ်” ဟုဆိုသည်။

Kelly နေရာဆက်ခံသူကို ကြေညာပေးသွားမည်ဖြစ်ကြောင်း ၊ လာမည့် တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ကြေညာသွားဖွယ်ရှိကြောင်း ထရမ့်က ဆိုသည်။

Kelly သည် ထရမ့်အစိုးရလက်ထက်တွင် ဒုတိယမြောက်အိမ်ဖြူတော်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယင်းရာထူးကို ၂၀၁၇ ခုနှစ် ဇူလိုင်တွင် Reince Priebus ထံမှ လွှဲပြောင်းယူခဲ့ခြင်းဖြစ်သည်။ အငြိမ်းစား မရိမ်းတပ်ဗိုလ်ချုပ်ကြီး Kelly သည် ရာထူးမှ နုတ်ထွက်မည့်အကြောင်း ကောလာဟလ ထွက်ပေါ်နေသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။(Xinhua)