Connect with us

North America

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြောက်ကိုရီးယား အကြီးတန်းတာဝန်ရှိသူ ၃ဦးအပေါ် ပိတ်ပင်တားမြစ်မှုများ ချမှတ်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ် (ယာ)အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန က မြောက်ကိုရီးယားနိုင်ငံ (DPRK) မှ အကြီးတန်းတာဝန်ရှိသူ ၃ဦးအပေါ် ပိတ်ပင်တားမြစ်မှုများ ချမှတ်ကြောင်း ဒီဇင်ဘာ ၁၀ရက်တွင် ကြေညာခဲ့သည်။

ထုတ်ပြန်ချက်၌ ဌာနက ယင်းတားမြစ်ပိတ်ပင်မှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် တွဲဖက်၍ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတားမြစ်ချက်များအရ ယင်းတာဝန်ရှိသူများ ပိုင်ဆိုင်သော အမေရိကန်မှ ပိုင်ဆိုင်မှုအားလုံး သိမ်းဆည်းခံရမည်ဖြစ်ပြီး ၎င်းတို့နှင့် ငွေကြေးဆိုင်ရာဆက်သွယ်သော မည်သည့် အမေရိကန်အဖွဲ့အစည်းမဆို တရားမဝင်အဖြစ်သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားကျွန်းဆွယ်အတွင်း နျူကလီးယားကင်းစင်ရေးအတွက် အားထုတ်ကြိုးပမ်းမှုများ ရှေ့ဆက်လုပ်ဆောင်နေသဖြင့် ဒီဇင်ဘာ ၁၀ ရက်နေ့ လုပ်ဆောင်မှုသည် မြောက်ကိုရီးယားနှင့် ဆက်စပ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအပေါ် အမေရိကန်နိုင်ငံက ချမှတ်သော ပိတ်ပင်တားမြစ်ချက်များအနက် အကြီးမားဆုံးဖြစ်ကြောင်းသိရသည်။

မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်နိုင်ငံမှ ချမှတ်သော ပိတ်ပင်တားမြစ်ချက်များကို အကြိမ်ပေါင်းများစွာ ပြစ်တင်ဝေဖန်ခဲ့ပြီး ယင်းဆောင်ရွက်ချက်များသည် ၎င်းတို့၏ မယုံကြည်မှုကို နက်ရှိုင်းစေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.