North America
မြေထဲပင်လယ်တွင် ရုရှားMiG-29 ဂျက်လေယာဉ်ပျက်ကျ၊လေယာဉ်မှူးခုန်ထွက်လွတ်မြောက်
မော်စကို ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ စစ်တပ်မှ MiG-29 ဂျက်တိုက်လေယာဉ် တစ်စင်းသည် မြေထဲပင်လယ်အတွင်းရှိ လေယာဉ်တင်သင်္ဘောပေါ်သို့ဆင်းသက်စဉ် ပျက်ကျသွားခဲ့ကြောင်း နှင့် လေယာဉ်မှူးမှာ ခုန်ထွက်လွတ်မြောက်သွားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဂျက်လေယာဉ်သည် လေ့ကျင့်ရေးပျံသန်းမှု ပြုလုပ်အပြီးတွင် Admiral Kuznetsov လေယာဉ်တင် သင်္ဘောပေါ်သို့ဆင်းသက်စဉ် စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှုကြောင့် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လေယာဉ်ပျက်ကျချိန်ကို ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း သတင်းဌာနအချို့ကမူ နိုဝင်ဘာလ ၁၃ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ လေယာဉ်မှူးသည် ခုန်ထွက်လွတ်မြောက်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာ မရှိကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ရုရှားနိုင်ငံ၏ Admiral Kuznetsov လေယာဉ်တင် သင်္ဘောသည် ဆီးရီးယားနိုင်ငံတွင် အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးပြုလုပ်ရန် မြေထဲပင်လယ်အတွင်း၌ ရေတပ်သင်္ဘောအုပ်ဖြင့် လှည့်လည်သွားလာနေခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)