Connect with us

North America

တရုတ်ရုပ်ရှင်မင်းသား ဂျက်ကီချန်း အော်စကာဂုဏ်ပြုဆုဆွတ်ခူး

တရုတ်ရိုးရာဝတ်စုံဖြင့် အော်စကာဆုပေးပွဲတက်ရောက်လာသော မင်းသားဂျက်ကီချန်းအားတွေ့ ရစဉ်(ဆင်ဟွာ)

လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နာမည်ကျော်ရုပ်ရှင်မင်းသား ဂျက်ကီချန်းသည် ဗြိတိသျှရုပ်ရှင်တည်းဖြတ်သူ Anne V.Coates ၊ အမေရိကန် ဒါရိုက်တာ Lynn Stalmaster နှင့် အမေရိကန်မှတ်တမ်းရုပ်ရှင်ထုတ်လုပ်သူ Frederick Wiseman တို့နှင့်အတူ ၎င်းတို့၏ ဘဝတစ်သက်တာ ရုပ်ရှင်ရိုက်ကူးမှုတွင်ပါဝင်ခဲ့သည်ကို ဂုဏ်ပြုသောအားဖြင့် အော်စကာရုပ်ရှင်အကယ်ဒမီဂုဏ်ပြုဆုကို နိုဝင်ဘာလ ၁၂ ရက်ည က ဆုချီးမြှင့်ခြင်းခံရကြောင်း သိရသည်။

“ ဒီဆုဟာ ဂျက်ကီချန်း ၊ Anne Coates ၊ Lynn Stalmaster န ဲ့ Frederick Wiseman တို့ရဲ့ ရုပ်ရှင်ဖန်တီးမှု နဲ့ဂန္တဝင်မြောက် အားထုတ်မှုတွေအတွက် ရည်ရွယ်ပြီး ပေးအပ်တဲ့ ဆုပါ” ဟု Academy of Motion Picture Arts and Sciences ဥက္ကဋ္ဌ Cheryl Boone Isaacs က ချီးကျူးစကား ဆိုခဲ့သည်။ “ သူတို့ရဲ့ အောင်မြင်မှုအတွက် အော်စကာဆုရွေးချယ်ရေး ဘုတ်အဖွဲ့က ချီးကျူးဂုဏ်ပြုပါတယ်” ဟု ၎င်းကဆက်ပြောသည်။

ဂျက်ကီချန်းသည် နိုင်ငံတကာရုပ်ရှင်ကြယ်ပွင့်တစ်ဦးဖြစ်မလာမီ ဟောင်ကောင်တွင် ကိုယ်ခံပညာကို အခြေခံသော ရုပ်ရှင်ဇာတ်ကားပေါင်း ဒါဇင်ပေါင်းများစွာတွင် သရုပ်ဆောင် ၊ စာရေးဆရာ၊ ဒါရိုက်တာနှင့် ထုတ်လုပ်သူ တစ်ဦးဖြစ်သည့် အသက် ၈ နှစ်အရွယ်ကတည်းက ပါဝင် သရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

မင်းသား ဂျက်ကီချန်းသည် ၁၉၉၆ ခုနှစ်ကတည်းက “ Rumble in the Bronx ” ရုပ်ရှင်ဖြင့် ကမ္ဘာတစ်လွှားတွင် အောင်မြင်မှုရရှိခဲ့ပြီး နောက်ပိုင်းတွင် “ Rush Hour ” ၊ “ Shanghai Noon” ၊ “Shanghai Knights”၊ “Around the World in 80 Days”၊ “The Karate Kid” နှင့် “Kung Fu Panda” စသည့်ရုပ်ရှင်ဇာတ်ကားများဖြင့် ဆက်တိုက် အောင်မြင်မှုများရရှိခဲ့သည်။

တရုတ်ရိုးရာဝတ်စုံကိုဆင်မြန်းပြီး အော်စကာဆုပေးပွဲကို တက်ရောက်လာသော မင်းသားဂျက်ကီချန်းက “ အိပ်မက်တစ်ခုလိုပါပဲ။ အခုချိန်ထိ မယုံနိုင်အောင်ဖြစ်နေဆဲပါပဲ” ဟုပြောကြားခဲ့သည်။

“ လွန်ခဲ့သော ၂၃ နှစ်က အော်စကာဆု ရုပ်တုကို ကျွန်တော်သူငယ်ချင်းအိမ်မှာ မြင်ခဲ့ဖူးပါတယ်။ အဲဒီရုပ်တုကို ကျွန်တော်ကိုင်ကြည့်တယ်။ နမ်းကြည့်တယ်။ မွှေးကြည့်တယ်။ အဲဒီရုပ်တုပေါ်မှာ ကျွန်တော့်လက်ဗွေရာတွေ အခုချိန်ထိ ထင်ကျန်နေအုံးမယ်ဆိုတာ ယုံကြည်ပါတယ်” ဟု အော်စကာဆုနဲ့ပတ်သက်၍ ဂျက်ကီချန်းက အရွှန်းဖောက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.