Connect with us

North America

အော့ကလန်ဟိုးမားမြို့Will Rogers လေဆိပ်အနီးပစ်ခတ်မှုဖြစ်ပွား၊တစ်ဦးသေ

သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သော Will Rogers လေဆိပ်အပြင်ဖက်တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟူစတန်၊နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံအော့ကလန်ဟိုးမားပြည်နယ်မြို့တော် အော့ကလန်ဟိုးမားမြို့Will Rogers လေဆိပ်စြင်္ကန်အနီး၌ နိုဝင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုသည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်တွင် လေဆိပ်စြင်္ကန်အပြင်ဖက်ရှိ ကားရပ်နားရန်နေရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Southwest လေကြောင်းလိုင်းဝန်ထမ်းတစ်ဦးဖြစ်သူ အသက် ၅၂ နှစ် အရွယ် အမျိုးသားတစ်ဦး ကျည်ဆံထိမှန်ခဲ့သည်။ ၎င်းအမျိုးသားကို ဆေးရုံသို့တင်ပို့လိုက်သော်လည်း ဒဏ်ရာမှာပြင်းထန်သဖြင့် အသက်သေဆုံးသွားခဲ့ရကြောင်း အော့ကလန်ဟိုးမားမြို့တွင်ထုတ်ဝေသည့် အင်္ဂလိပ်ဘာသာသတင်းစာတစ်စောင်က ရေးသားထားသည်။

ရဲတပ်ဖွဲ့သည် ပစ်ခတ်မှုကိုကျူးလွန်ခဲ့ဖွယ်ရှိသော အခြားအမျိုးသားတစ်ဦးကို ဖမ်းဆီးနိုင်ရန် လေဆိပ်အနီးတစ်ဝိုက်ရှိ လမ်းများကို ပိတ်ဆို့ရှာဖွေနေကြောင်းနှင့် ပြည်သူများအား လေဆိပ်သို့သွားခြင်းမပြုရန် သတိပေးထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်နေခြင်းကြောင့် Will Rogers လေဆိပ်သို့အတက်အဆင်းပြုလုပ်မည့် လေယာဉ်အားလုံး ဆိုင်းငံ့ထားရကြောင်း လေဆိပ်တာဝန်ရှိသူများကဆိုသည်။

မျက်မြင်သက်သေများအဆိုအရ ရဟတ်ယာဉ်တစ်စင်းသည် လေဆိပ်ပေါ်တွင် ပျံဝဲလျက်ရှိပြီး မီးသတ်ကားများလည်း လေဆိပ်သို့ အလျင်အမြန် ဦးတည်မောင်းနှင်းသွားနေကြောင်း သိရသည်။

ပစ်ခတ်မှုနှင့်ပတ်သက်၍ လက်ရှိတွင် ရဲတပ်ဖွဲ့က သီးခြားမတော်တဆဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း ၊ သံသယရှိသူသည် သေနတ်ကို သွက်သွက်လက်လက်ပစ်ခတ်နိုင်သူတစ်ဦးမဟုတ်သော်လည်း ပစ်ခတ်မှုနှင့်ပတ်သက်၍ နောက်ထပ် သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117