North America
ဒေါ်နယ်ထရမ့်က Neil Gorsuch အား အမေရိကန်နိုင်ငံ၏ တရားရုံးချုပ် တရားသူကြီးအဖြစ် အဆိုပြု

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က နိုင်ငံ၏ တရားရုံးချုပ် တရားသူကြီးအဖြစ်ခန့်အပ်ရန် Neil Gorsuch အား ရွေးချယ် အဆိုပြုကြောင်း ဇန်နဝါရီလ ၃၁ ရက် ညပိုင်းက ထုတ်ဖော်ကြေညာခဲ့သည်။
ပြီးခဲ့သော ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလက တရားသူကြီး Antonin Scalia ကွယ်လွန်သွားခဲ့သည့် အချိန်ကတည်းက မည်သူ့ကို တရားရုံးချုပ်တရားသူကြီးအဖြစ် အစားထိုး ခန့်အပ်ရန် ဒီမိုကရက်တစ်ပါတီ နှင့် ရီပတ်ဘလစ်ကန် ပါတီတို့အကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ရသည်။(Xinhua)