Connect with us

North America

ဒေါ်နယ်ထရမ့် က အမေရိကန် နိုင်ငံ တွင် ဆေးဝါးဈေးနှုန်းများ အလွန်မြှင့်မားသောကြောင့် ဆေးကုမ္ပဏီ များကို ဈေးနှုန်းချရန် တိုက်တွန်း

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန် နိုင်ငံ တွင် ဆေးဝါးဈေးနှုန်းများသည် အလွန်မြင့်မား နေသောကြောင့် ဈေးနှုန်းများ ကျဆင်းရန် ဆောင်ရွက်မှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း ဇန်နဝါရီ ၃၁ ရက်နေ့ ပြောကြား ခဲ့သည်။

ထိုနေ့က ဒေါ်နယ်ထရမ့် သည် အိမ်ဖြူတော်၌ Merck ၊ Novartis နှင့် Eli Lilly စသည့် နာမည်ကြီး ဆေး ကုမ္ပဏီ နှင့် အခြား ဆေးဝါး ကုမ္ပဏီ များမှ အရာရှိများ ၊ အမေရိကန် ရှိ ဆေးဝါ လုပ်ငန်း ဆိုင်ရာ အဖွဲ့အစည်း များ ၊ ဆေးဝါး သုသေတန အဖွဲ့အစည်း များ နှင့် ဆေးဝါး ထုတ်လုပ်မှု ဆိုင်ရာ အဖွဲ့အစည်း များကို ခေါ်ယူ တွေ့ဆုံ ခဲ့သည်။

ဒေါ်နယ်ထရမ့် က ဆေးဝါး ကုမ္ပဏီ များအား ဈေးနှုန်း ချပေးရန် တိုက်တွန်းခဲ့ချိန်တွင် ဆေးဝါး လုပ်ငန်းများ ၏ ကြီးကြပ်စစ်ဆေးမှု ၊ အမေရိကန် စားသောက်ကုန် နှင့် ဆေးဝါး ကွပ်ကဲမှုဌာန ၏ လုပ်ငန်းဆောင်ရွက်မှု များကို ပိုမိုလွယ်ကူစေရန် ဆောင်ရွက်ပြီး ဆေးဝါးများ ဈေးကွက်သို့ပိုမိုလျှင်မြန်စွာ ရောက်ရှိစေကာ ဆေးဝါး ထုတ်လုပ်မှု ၏ အရင်းအနှီးများကို လျော့ကျ စေရန် ဆောင်ရွက်ပေးသွားမည် ဟုလည်း သတင်းကောင်းကို ကတိ ပြုခဲ့သည်။

ဒေါ်နယ်ထရမ့် ၏ ဇန်နဝါရီ လပိုင်းက ဆေးဝါး လုပ်ငန်း များအပေါ် ဝေဖန် ခဲ့မှုကြောင့် ဆေးဝါး လုပ်ငန်း ကုမ္ပဏီ များ၏ ရှယ်ယာများ ထိုးကျစေခဲ့သည်။ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံ ခဲ့သည့် ဆေးဝါး ကုမ္ပဏီ ၆ ခု အတွင်း ၅ ခုမှာ တွေ့ဆုံမှု အပြီး ရှယ်ယာ ဈေးနှုန်းများ ၁ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.