Connect with us

North America

အမေရိကန်သမ္မတဟောင်း အိတ်ချ်ဒဗလျူဘုရှ် ဆေးရုံကပြန်ဆင်းလာ

အမေရိကန်သမ္မတဟောင်း ဂျော့ရှ်အိတ်ခ်ျဒဗလျူဘုရှ် (ဘယ်) အား သားဖြစ်သူ အမေရိကန်သမ္မတဟောင်း ဂျော့ရှ်ဒဗလျူဘုရှ် (ညာ) နှင့်အတူ တွေ့ရစဉ် (ဆင်ဟွာ)

ဟူစတန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတဟောင်း ဂျော့ရှ်အိတ်ချ်ဒဗလျူဘုရှ် သည် နမိုးနီးယားရောဂါမှ သက်သာလာပြီးနောက် ဇန်နဝါရီ ၃၀ ရက်တွင် ဆေးရုံက ဆင်းလာခဲ့ကြောင်း သိရသည်။

အသက် ၉၂နှစ်အရွယ်ရှိပြီဖြစ်သော ဘုရှ်သည် နမိုးနီးယားအဆုတ်ရောင်ရောဂါကြောင့် Houston Methodist ဆေးရုံတွင် ၂ပတ်ကြာဆေးကုသမှုခံယူပြီးနောက် ယခုအခါ ဆေးရုံမှ ဆင်းလာပြီဖြစ်ကြောင်း မိသားစုပြောရေးဆိုခွင့်ရှိသူ Jim McGrath က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက ဘုရှ်ဆေးရုံတက်နေစဉ် ကာလအတွင်း နေပြန်ကောင်းလာစေရန် ဆုတောင်းပေးသူများ နှင့် စာပို့သူများ အပြင် ဂရုတစိုက်ကုသပေးသော ဆေးရုံမှ ဆရာဝန်များ နှင့် သူနာပြုအားလုံးကို ဘုရှ်အနေဖြင့် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဘုရှ်သည် အသက်ရှူရန်ခက်ခဲသည့် ဝေဒနာကြောင့် ဇန်နဝါရီ ၁၄ ရက်တွင် ဆေးရုံသို့တက်ရောက်ခဲ့ပြီး အစပိုင်းတွင် လျင်မြန်စွာ သက်သာသွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း ဇန်နဝါရီ ၁၈ ရက်တွင် အခြေအနေဆိုးရွားလာ၍ ဆရာဝန်များအား အသက်ရှူပြွန်တစ်ချောင်းအား ထိုးသွင်းပေးခဲ့ရကြောင်း သိရသည်။ ထို့နောက် ဆေးရုံ၏ အထူးကြပ်မတ်ဆောင်တွင် ၄၈နာရီကြာ ဆေးကုသမှုခံယူခဲ့ကြောင်း နှင့် အသက်ရှူပြွန်အား ဖယ်ရှားလိုက်ပြီးနောက် ကျန်းမာရေးအခြေအနေ တိုးတက်လာခဲ့၍ ဇန်နဝါရီ ၂၃ ရက် တွင် ပုံမှန်အခန်းသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

ဆေးရုံ၌ရှိနေစဉ်အတွင်း ဘုရှ်သည် ပန်းနာရင်ကျပ်ရောဂါကြောင့် ဆေးရုံတက်နေရသော အသက် ၉၁နှစ်အရွယ် ၎င်း၏ ဇနီးဖြစ်သူ ဘာဘာရာ နှင့် တွေ့ဆုံခဲ့ကြောင်း နှင့် ဘာဘာရာသည် လွန်ခဲ့သည့် အပတ်က ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

ဘုရှ်အား ၁၉၂၄ခုနှစ် ဇွန်လ ၁၂ ရက် တွင်မွေးဖွားခဲ့ပြီး ၁၉၈၉ခုနှစ်မှ ၁၉၉၃ခုနှစ် အထိ ၄၁ဦးမြောက် အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.