ဝါရှင်တန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအရှေ့ပိုင်း မက်ဆာချူးဆက်ပြည်နယ် ဘရစ္စတိုမြို့တွင် ဒီဇင်ဘာ ၁ ရက် ညပိုင်းက ကျောင်းကြိုပို့ယာဉ်တစ်စီးသည် Berkley လမ်းဘေးတောအုပ်အတွင်းသို့ထိုးကျမှုဖြစ်ပွားခဲ့ရာ လူကြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က တွစ်တာလူမှုကွန်ရက်တွင်ရေးသားဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အမှတ်(၅) ရေတပ် တပ်မှူး Scott Stearney သည် ဒီဇင်ဘာ ၁ ရက်တွင် ဘာရိန်းနိုင်ငံ၌ သေဆုံးသွားကြောင်း သိရသည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ရှိ Fort Lauderdale မြို့ ရှိ အဆောက်အဦ တစ်ခုထဲသို့ ဒီဇင်ဘာ ၁ရက် က လေယာဉ်ငယ်တစ်စင်းပျက်ကျခဲ့ရာ လူ ၂ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Anchorage မြို့တွင် ဒီဇင်ဘာလ ၁ ရက် ပေကျင်းစံတော်ချိန် နံနက် ၁း၂၉ နာရီက ပြင်းအား ၇.၂ ရှိသော အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာ (CENC) အရ သိရသည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ် Bethesda ရှိ စစ်ဆေးရုံတစ်ခု၌ သေနတ်သမားတစ်ဦးအား ရဲတပ်ဖွဲ့က ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများက နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် ဖော်ပြခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) နာဆာ၏ InSight အာကာသယာဉ်သည် အင်္ဂါဂြိုဟ်ပေါ်သို့ နိုဝင်ဘာ ၂၆ ရက်တွင် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး အင်္ဂါဂြိုဟ်၏ အတွင်းပိုင်းနေရာများသို့ စူးစမ်းလေ့လာရန် ၂နှစ်တာ တာဝန်ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
နယူးယောက် ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) နယူူးယောက်မြို့ရှိ တရုတ်တန်းတွင် နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းက လမ်းသွားလမ်းလာများအား ကားတစ်စီးက ဝင်တိုက်ခဲ့ရာ လူ ၁ ဦးသေဆုံးပြီး အခြား ၆ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။
လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ခိုလှုံခွင့်ရရန် မက္ကဆီကို-အမေရိကန်နှစ်နိုင်ငံနယ်စပ်အနီးရောက်ရှိနေသည့် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းနေထိုင်သူများက ဆန္ဒပြမှုဖြစ်ပွားပြီးနောက် အမေရိကန်နိုင်ငံ ဆန်ဒီယေဂို ၊ ကယ်လီဖိုးနီးယား နှင့် မက္ကဆီကိုနိုင်ငံ Tijuana တို့ဆက်သွယ်ထားသည့် လူဝင်လူထွက် များပြားသော နှစ်နိုင်ငံနယ်စပ်ဝင်ပေါက်ဂိတ်များကို အမေရိကန်နိုင်ငံ၏ နယ်စပ်ကင်းလှည့်တပ်ဖွဲ့က နိုဝင်ဘာ ၂၅...
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က မက္ကဆီကိုနိုင်ငံမှ တဆင့်အမေရိကန်နိုင်ငံအတွင်းသို့ဝင်ရောက်ခွင့်ရရန် ကြိုးပမ်းနေသော ခိုလှုံခွင့်တောင်းခံသူများအနေဖြင့် မက္ကဆီကိုနိုင်ငံအတွင်း စောင့်ဆိုင်းလျှက် ဥပဒေကြောင်းလုပ်ထုံးလုပ်နည်းများအတိုင်း ရှေ့ဆက်သွားရမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။