Connect with us

North America

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် ဘွဲ့နှင်းသဘင်ပါတီပွဲအတွင်း ပစ်ခတ်မှုဖြစ်ပွားရာလူ ၃ ဦးသေဆုံး ၊ အများအပြားဒဏ်ရာရ

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ ဇွန် ၆ ရက်က ပစ်ခတ်မှုဖြစ်ပွားနေရာအနီးတစ်ဝိုက်လမ်းများကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် Miami-Dade မြို့ငယ်လေး၌ ဇွန် ၆ ရက်က ဘွဲ့နှင်းသဘင် ပါတီပွဲ အခမ်းအနားတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အခြား အများအပြားထိခိုက်ဒဏ်ရာရသွားကြောင်း မီယာမီ WPLG ကို ကိုးကား၍ ABC သတင်းဌာနက ဖော်ပြခဲ့သည်။အဆိုပါ ပစ်ခတ်မှုသည် ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်တွင် Kendall မြို့တွင် ဖြစ်ပွားခဲ့ကြောင်း ၊ ဘွဲ့နှင်းသဘင်ပါတီပွဲကျင်းပရာ စားသောက်ဆိုင် သီးသန့်ခန်းတည်ရှိသည့် ဈေဝယ်စင်တာတစ်ခုထဲသို့ ကားနှစ်စီး ဝင်ရောက်လာပြီး သေနတ်ဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Miami-Dade ရဲတပ်ဖွဲ့ညွှန်ကြားရေးမှူး Freddy Ramirez က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဘွဲ့နှင်းသဘင်ပါတီပွဲကျင်းပနေသည့် စားသောက်ဆိုင်ခန်းထဲရှိ လူများကို ချိန်ရွယ်၍ ကားတစ်စီးပေါ်မှ သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ အမျိုးသမီးတစ်ဦး နှင့် အမျိုးသားနှစ်ဦး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အခြား အမျိုးသားသုံးဦး နှင့် အမျိုးသမီးသုံးဦး အပါအဝင် အနည်းဆုံး လူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် ၎င်းတို့သည် ဆေးများ၌ တည်ငြိမ်သောအခြေအနေတွင်ရှိနေကြောင်း အာဏာပိုင်များ၏ ပြောကြားချက် အရသိရသည်။

သေနတ်ပစ်ခတ်ခံရပြီး ဒဏ်ရာဖြင့် သေဆုံးသွားသူနှစ်ဦးအား သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးသည် Miami Dade ကောလိပ် Kendall ကျောင်းပရဝဏ်အုတ်နံရံကို ဝင်တိုက်မိခဲ့ကြောင်း WPLG ရုပ်သံလွှင့်ချန်နယ်က ဖော်ပြခဲ့သည်။ သေနတ်တစ်လက်ကို ကားတစ်စီးထဲတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သို့သော် ယင်းသေနတ်သည် ပစ်ခတ်ချိန်တွင် အသုံးပြုခဲ့သော သေနတ်ဟုတ်မဟုတ်ကိုမူအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပစ်ခတ်မှုနှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးထိန်းသိမ်းထားမရှိသေးပါ။ “ ဒီအကြမ်းဖက်မှုတွေ ရပ်တံ့ရပါမယ် ၊ ဒါဟာတကယ့်ကို စိတ်ခြောက်ခြားစရာပါ ၊ ဖြစ်ပျက်နေပုံတွေက အပတ်တိုင်း အပတ်တိုင်း တူတူပဲဖြစ်နေတယ်” ဟု Ramirez က ဆိုသည်။ “ ဒီလို ဖျက်လိုဖျက်ဆီး အသိဉာဏ် ဆင်ခြင်တုံတရားကင်းမဲ့စွာ ဗရမ်းပတာပစ်ခတ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် အပြစ်မဲ့ ပြည်သူတွေ သေနတ်ထိမှန်နေရသလို သေဆုံးသူတွေနဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေကို ကျွန်တော်တို့ တွေ့မြင်နေရတာပေါ့” ဟု ၎င်းက ဆိုသည်။

ယခုပစ်ခတ်မှုသည် Kendall မြို့မှ မြောက်ဘက် ၁၇ မိုင်ခန့်အကွာ Miami-Dade မြို့နယ်အတွင်းရှိ အခြားသော မြို့ငယ်တစ်ခုဖြစ်သည့် Hialeah မြို့ရှိ ဧည့်ခံပွဲခန်းမ တစ်ခု၏ အပြင်ဘက်တွင် လူသုံးဦး သေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့သည့် အစုပြုံလိုက် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရက်သတ္တပတ် တစ်ပတ်အကြာတွင် ထပ်မံပေါ်ပေါက်ခဲ့သည့် ပစ်ခတ်မှုတစ်ခုဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ထုတ်ပြန်လိုက်သော ဗီဒီယိုဖိုင်တစ်ခုတွင် မျက်နှာဖုံးတပ်ဆင်ထားသော သေနတ်သမားသုံးဦးသည် ခိုးယူလာသည့် SUV ကားတစ်စီးပေါ်မှ ခုန်ဆင်းကာ နယ်ခံ ရပ်ဒ်(Rap) အဆိုတော်တစ်ဦး၏ မွေးနေ့ပွဲကျင်းပနေသည့် စားသောက်ပွဲခန်းမထဲသို့ ဝင်ရောက်၍ လူများအား တရပ်စပ် ပစ်ခတ်ခဲ့ပုံများကို ရိုက်ကူးထားသည်။ အဆိုပါသေနတ်သမားများသည် ယခုအချိန်ထိ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။(Xinhua)

…………………………………………
(English Verion)

3 dead, multiple injured in U.S. Florida graduation party shooting

WASHINGTON, June 6 (Xinhua) — At least three people were killed and multiple others injured on Sunday in a graduation party shooting in Miami-Dade County, southeastern U.S. state Florida, ABC News Miami affiliate WPLG reported.

A barrage of gunfire broke out in Kendall at around 2 a.m. local time when two cars pulled up into a strip mall where a graduation party was held in a hookah lounge restaurant, Miami-Dade Police director Freddy Ramirez said at a news conference.

Someone inside one of the vehicles opened fire on people leaving the restaurant following the graduation party, he said.
A woman and two men were killed while at least six others, three men and three women, were injured and listed in stable condition at hospitals, according to the authorities.
One car, carrying two victims who died from gunshot wounds, crashed into a wall at nearby Miami Dade College’s Kendall campus, said the WPLG report. A firearm was discovered in the vehicle, but it remained unclear if it was used during the shooting.

No arrests have been made.
“This violence has to stop. This is completely frustrating. Every weekend is the same thing,” Ramirez said. “We’ve got other victims and their families that are destroyed over senseless violence, over stupidness, reckless shooting, innocent people getting hit.”

The shooting came just one week after a mass shooting outside a banquet hall in Hialeah, another city in Miami-Dade County which is about 17 miles north of Kendall, left three people dead and 20 wounded.
Police released a security video showing a stolen SUV pull up to the banquet hall and three gunmen, wearing masks, jump out of the vehicle and open fire on victims leaving a concert celebrating a local rapper’s birthday. The gunmen are still at large. Enditem

PHOTO – POLICE BLOCK AN INTERSECTION NEAR THE MIAMI-DADE KENDALL CAMPUS IN MAIMI, FLA., ON JUNE 6 , 2021.