Connect with us

North America

အမေရိကန်နိုင်ငံက အမေရိကန်-ရုရှား နှစ်ဖက် ခေါင်းဆောင်အစည်းအဝေးတွင် သိသာထင်ရှားသည့် ရလာဒ် ထွက်ပေါ်လာရန် မျှော်လင့်မထားဟု ဆို

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်အား ဇန်နဝါရီ ၂၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က အမေရိကန်နိုင်ငံအနေဖြင့် မကြာမီအချိန်တွင် ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပပြုလုပ်မည့် အမေရိကန်-ရုရှား ခေါင်းဆောင်အစည်းအဝေး နှင့် ပတ်သက်၍ သိသာထင်ရှားသည့် ရလာဒ်ထွက်ပေါ်လာရန် မျှော်လင့်ထားခြင်းမရှိကြောင်း ဇွန်လ ၇ ရက်၌ ပြောကြားခဲ့သည်။Jake Sullivan က အမေရိကန်နိုင်ငံအနေဖြင့် ယခုအကြိမ် ထိပ်သီးအစည်းအဝေးအား နှစ်နိုင်ငံထိပ်ပိုင်းခေါင်းဆောင်း၏ ဆွေးနွေးမှုပြုလုပ်နိုင်သော အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်ထားကြောင်း ၊ သို့သော်အမေရိကန်နိုင်ငံ အနေဖြင့် ယခုအကြိမ်အစည်းအဝေးမှ သိသာထင်းရှားသည့် ရလာဒ်ထွက်လာပေါ်ရန် မမျှော်လင့်ကြောင်း ဇွန်လ ၇ ရက်တွင် အိမ်ဖြူတော်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားခဲ့သည်။

Jake Sullivan က အမေရိကန် နှင့် ရုရှား နိုင်ငံတို့သည့် ယုံကြည်မှု ဆက်ဆံရေးမဟုတ်ကြောင်း ၊ အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံအား နှစ်ဘက်ဆက်ဆံရေးနှင့် ပတ်သက်သည့် မျှော်မှန်းချက်ကို ပြောကြားသွားမည်ဖြစ်ပြီး ရုရှားနိုင်ငံ မှ မကောင်းမွန်သည့် လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်ပါက အမေရိကန်နိုင်ငံအနေဖြင့် တုန့်ပြန်မှုများ ပြုလုပ်သွားမည်ကို တိကျစွာ ပြောကြားသွားမည်ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် Jake Sullivan က အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် အနေဖြင့် ဇွန်လ ၇ ရက်တွင် ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း ၊ အမေရိကန်သမ္မတသည် ယူကရိန်းနိုင်ငံ သမ္မတအား အမေရိကန်နိုင်ငံ၏ ယူကရိန်းနိုင်ငံ အချုပ်အခြာအာဏာ နှင့် နယ်မြေခိုင်မာစွာတည်ရှိရေး အပေါ် ခိုင်မြဲစွာ ထောက်ခံကြောင်း ပြောကြားခဲ့ပြီး ယူကရိန်းနိုင်ငံ သမ္မတ အား ယခုနှစ်နွေရာတီတွင် အမေရိကန်နိုင်ငံ သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ သမ္မတရုံး၏ ထုတ်ပြန်ကြေညာချက်အရ အမေရိကန်နိုင်ငံ သမ္မတ၏ ဖိတ်ခေါ်မှုအရ ယူကရိန်းနိုင်ငံ သမ္မတ သည် ယခုနှစ် ဇူလိုင်လတွင် အမေရိကန်နိုင်ငံသို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ သမ္မတ နှင့် ရုရှားနိုင်ငံ သမ္မတ တို့သည် ဇွန် ၁၆ ရက်တွင် ဂျီနီဗာမြို့၌ အစည်းအဝေး ကျင်းပပြုလုပ်ရန် စီစဉ်ထားကြသည်။ ယူကရိန်းနိုင်ငံ သမ္မတ က လတ်တလောရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံ သတင်းမီဒီယာ၏ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာတွင် မိမိအနေဖြင့် အမေရိကန်-ရုရှား ထိပ်သီးအစည်းအဝေး မပြုလုပ်ခင် အမေရိကန်နိုင်ငံ သမ္မတ နှင့် လူချင်းတွေ့၍ ဆွေးနွေးမှု ပြုလုပ်သွားလိုကြောင်း ပြောကြားခဲ့သည်။

အမေရိကန်-ရုရှား နှစ်နိုင်ငံဆက်ဆံရေးသည် လတ်တလောနှစ်ပိုင်းတွင် အဆက်မပြတ် ပိုမိုတင်းမာလာခဲ့သည်။ ဘိုင်ဒန်အစိုးရ စတင်တာဝန်ယူခဲ့ပြီးနောက်တွင် ရုရှား-အမေရိကန် နှစ်နိုင်ငံသည် စစ်ရေးထိန်းချုပ်မှုနယ်ပယ်တွင် အကန့်အသတ်ရှိသော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့သော်လည်း ယူကရိန်းအရေး ၊ ဆိုက်ဘာလုံခြုံရေး ၊ လူ့အခွင့်အရေး ၊ ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှု စသည့် ပြဿနာများတွင် သဘောထားကွဲလွဲမှု သိသာထင်ရှားခဲ့ပြီး ထိပ်တိုက်ရင်ဆိုင်မှုများ ပိုမိုဆိုးရွားလာခဲ့သည်။ ရုရှား နှင့် အမေရိကန်နိုင်ငံ ဆက်ဆံရေးသည် လက်ရှိချိန်တွင် နိမ့်ပါးသည့် အဆင့်တွင်တည်ရှိနေပြီး အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားနေသည်ဟု ရုရှားနိုင်ငံ သမ္မတ ပူတင် က ဇွန် ၄ ရက်၌ တရားဝင်ပြောဆိုထားပြီး မိမိအနေဖြင့် မကြာမီ ဂျိုးဘိုင်ဒန် နှင့် ဂျီနီဗာ၌ ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ မည်သည့်အဓိက တိုးတက်မှုကြီးကြီးမားမားရရှိရန် မျှော်လင့်ထားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

(国际)美方说不期待美俄领导人会晤能取得显著成果

新华社华盛顿6月7日电(记者刘品然)美国总统国家安全事务助理沙利文7日表示,美方不期待美俄领导人即将在瑞士日内瓦举行的会晤能取得显著成果。

沙利文当天在白宫记者会上谈及美俄领导人会晤时说,美方将这一峰会视为两国高层沟通的机会,但美方并不期待此次会晤能取得显著成果。

沙利文表示,美俄不是“信任”关系,美方将向俄方阐明对双边关系的预期,并明确如果俄方继续开展“恶意”活动,美方将作出回应。

沙利文还说,美国总统拜登7日与乌克兰总统泽连斯基通电话。拜登向泽连斯基表示美方将坚定支持乌克兰的主权和领土完整,并邀请泽连斯基今夏访问美国。

另据乌克兰总统办公室官网消息,应拜登邀请,泽连斯基将于7月访美。
拜登和俄罗斯总统普京定于6月16日在日内瓦举行会晤。泽连斯基近日在接受美国媒体采访时表示,他期待在美俄首脑会晤前与拜登面对面沟通。

美俄关系近年来持续紧张。拜登政府上台以来,俄美在军控领域实现有限合作,但在乌克兰、网络安全、人权、干预选举等问题上分歧明显,对抗加剧。普京6月4日表示,俄罗斯与美国关系目前处于低水平,美国公开表示要遏制俄罗斯的发展。他不期待与拜登即将举行的日内瓦会晤能对俄美关系有任何突破。(参与记者:李东旭)(完)

Photo
这是1月20日在美国首都华盛顿拍摄的白宫。(新华社发,沈霆摄)