ချီကာဂို ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့၌ ဇူလိုင် ၂၀ ရက် နံနက်အစောပိုင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၂ ဦးသေဆုံးပြီး အနည်းဆုံး ၁၉ ဦးထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ဝါရှင်တန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) နယူးယောက်မြို့တွင် အပူချိန်နှင့် စိုထိုင်းမှုသည် အပြေးပြိုင်ပွဲကျင်းရန်အတွက် လုံခြုံစိတ်ချမှု အခြေအနေမရှိသောကြောင့် ဇူလိုင် ၂၁ ရက်တွင် ကျင်းပရန် စီစဉ်ထားသော သုံးမျိုးစုံကစားနည်းပြိုင်ပွဲအား ဖျက်သိမ်းလိုက်ရကြောင်း ဒေသတွင်းမီဒီယာများ ဇူလိုင် ၁၉ ရက်တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန် ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင် ၁၈ ရက် ၌ အမေရိကန် စစ်သင်္ဘော တစ်စီး က Hormuz ပင်လယ်ကွေ့ တွင် အီရန် မောင်းသူမဲ့ လေယာဉ် အား...
မက္ကဆီကိုစီးတီး၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း နာယာရစ်ပြည်နယ်တွင် ဇူလိုင်လ ၁၈ ရက်က ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ပြီး နောက်ထပ်လူ ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက ပြောခဲ့သည်။
နယူးယောက်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ဇိမ်ခံကုန်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီစုကြီး LVMH ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သော ပြင်သစ် သန်းကြွယ်သူဌေး ဘားနတ်အာနော့တ် (Bernard Arnault) က ကမ္ဘာ့ဒုတိယအချမ်းသာဆုံးအဖြစ် ဘီလ်ဂိတ် (Bill Gates) အားကျော်တက်သွားကြောင်း Bloomberg Billionaires Index အရ...
နယူးယောက် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတရားသူကြီးများက မက္ကဆီကိုနိုင်ငံသား ဘိန်းဘုရင် “El Chapo” ဟုလူသိများသည့် ဂူဇ်မန်း(Guzman) အား ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကျခံရန် အမိန့်ချမှတ်လိုက်ကြောင်း ဇူလိုင် ၁၇ ရက်တွင် ပြုလုပ်သည့် တရားခွင်ကြားနာမှုအရ သိရသည်။
ဝါရှင်တန် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) တူရကီနိုင်ငံသည် ရုရှားနိုင်ငံထံမှ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်များ ဝယ်ယူခဲ့သည့်အတွက် အမေရိကန်အနေဖြင့် တူရကီအား F-35 ဂျက်တိုက်လေယာဉ်များ လွှဲပြောင်းပေးရေးအစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ဇူလိုင် ၁၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။(Xinhua)
ဝါရှင်တန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ခရစ္စတင်း လာဂါဒီ (Christine Lagarde) က နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရှိ ၎င်း၏ရာထူးမှနုတ်ထွက်ကြောင်း ကြေညာပြီးနောက် နောက်ထပ် မန်နေဂျင်းဒါရိုက်တာအသစ် ရွေးချယ်ခြင်းလုပ်ငန်း စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ၎င်း၏နုတ်ထွက်စာမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်တွင် အသက်ဝင်မည်ဖြစ်ကြောင်း...
ဝါရှင်တန် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) ယခုရက်သတ္တကုန်ပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ပြုလုပ်မည့် ရုရှားနိုင်ငံနှင့် စစ်လက်နက်ထိန်းချုပ်ရေးဆိုင်ရာဆွေးနွေးပွဲသို့ အမေရိကန်ဘက်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ခုကို စေလွှတ်သွားမည်ဖြစ်ကြောင်း အမေရိကန်ပြည်တွင်းမီဒီယာက ဇူလိုင် ၁၅ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ဟူစတန်၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) ဟာရီကိန်း မုန်တိုင်း “ဘာရီ(Barry)” သည် အမေရိကန်နိုင်ငံ တောင်ပိုင်း လူဝီစီးယားနားပြည်နယ်(Louisiana)ကို ဇူလိုင် ၁၃ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့ရာ လက်ရှိတွင် လူပေါင်း ၁ သိန်း ၃ သောင်းခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြုံတွေ့နေရကြောင်း သိရသည်။