Connect with us

News

အမေရိကန်၏ အကြမ်းဖက် တရားဥပဒေစိုးမိုးရေးက အာဖရိကနွယ်ဖွားများ သေဆုံးမှုကို ဆက်လက်မြင့်မားစေသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့်အရာရှိပြော

အမေရိကန်၊ မင်နီဆိုတာပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို ဖမ်းဆီးနေသည်ကို ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မတ် ၉ ရက် (ဆင်ဟွာ)

အမေရိကန်၏ အကြမ်းဖက် တရားဥပဒေ စိုးမိုးရေးကြောင့် အာဖရိကနွယ်ဖွားများ သေဆုံးမှု အရေအတွက်သည် ကျဆင်းခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ယင်းဖြစ်ရပ်များကို စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူများကို ဥပဒေစက်ကွင်းထဲ အရေးယူနိုင်အောင် လက်တွေ့ကျသောလုပ်ဆောင်ချက်များ ဆောင်ရွက်သင့်ကြောင်း ကုသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့်ကော်မတီ အဖွဲ့ဝင် Michelle Bachelet Jeria က မတ် ၈ ရက်တွင် ပြောကြားခဲ့သည်။အရပ်ဘက်အဖွဲ့အစည်းများ၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် အမေရိကန်၌ အာဖရိကနွယ်ဖွား ၂၆၆ ဦးသည် ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဥပဒေစိုးမိုးရေးကြောင့် သေဆုံးခဲ့ပြီး ယင်းသေဆုံးမှုအရေအတွက်သည်လူဖြူ၏ ၃ ဆနီးပါးရှိကြောင်း Bachelet က ထိုနေ့တွင်ကျင်းပသော ၄၉ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယင်းကိစ္စရပ်နှင့် စပ်လျဉ်းသည့် အခြားစစ်ဆေးတွေ့ရှိမှုအရအမေရိကန်တွင် ရဲတပ်ဖွဲ့ဝင်များလက်ချက်ကြောင့် သေဆုံးခဲ့သော အာဖရိကနွယ်ဖွား အရေအတွက်သည် အထက်ဖော်ပြထားသည့် ကိန်းဂဏန်းထက် ပိုများနိုင်ကြောင်းလည်း Bachelet က ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် အမေရိကန်၏ စနစ်တကျ လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း အကြိမ်ကြိမ် အလေးထားပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် မေ ၂၅ ရက်တွင် အမေရိကန်နိုင်ငံ မင်နီဆိုတာ၌ ရဲတပ်ဖွဲ့ဝင်တစ်ဦးက လူမဲအမျိုးသား George Floyd အား ဖမ်းဆီးစဉ် လည်ပင်းကို ဒူးဖြင့်ဆက်တိုက်ဖိထားရာမှ ၎င်းကအသက်ရှူကြပ်ပြီး သေဆုံးခဲ့ရသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ထိုနှစ် ဇွန်တွင် အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့ပြီး ယင်းကဲ့သို့ အကြမ်းဖက်ဥပဒေစိုးမိုးရေးနှင့် လူမျိုးရေးခွဲခြားဆက်ဆံမှုများကို ဆက်လက်အာရုံစိုက်ရန် တောင်းဆိုခဲ့သည်။

George Floyd ကဲ့သို့သော ဝမ်းနည်းဖွယ် ဖြစ်ရပ်များ မဖြစ်ပွားအောင် ရှောင်လွှဲ၍ ရသော်လည်း ထပ်တလဲလဲ ဖြစ်ပွားနေရာ စနစ်တကျ လူမျိုးရေးခွဲခြားဆက်ဆံမှု သည် စနစ်တကျ တုန့်ပြန်ဖြေရှင်းမှုလိုအပ်သည်ဟု ထင်ရှားပေါ်လွင်နေသလို ရာစုနှစ်များစွာ အမြစ်တွယ်နေသည့် စနစ်တကျ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများကို ဘက်ပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းရန် လိုအပ်ကြောင်း Bacheletက အကြိမ်ကြိမ် ပြောကြားခဲ့သည်။ (Xinhua)

—————————
(国际)联合国人权高专:美国暴力执法造成非洲人后裔死亡人数居高不下 新华社日内瓦3月8日电(记者聂晓阳)联合国人权事务高级专员巴切莱特8日表示,美国执法人员暴力执法造成的非洲人后裔死亡人数持续居高不下,有关当局应采取切实措施,确保对 此类事件进行调查并将肇事者绳之以法。 巴切莱特当天在向联合国人权理事会第49届会议进行口头报告时表示,民间社会团体提供的数字显示,2021年美国有266名非洲人后裔被警察杀害,非洲人后裔死于警察暴力的可能 性“几乎是白人的三倍”。   巴切莱特还表示,根据与此相关的其他调查结果,在美国死于警察之手的非洲人后裔人数可能比上述数字更高。   近年来,联合国人权理事会多次就美国存在的系统性种族歧视问题表达严重关切。 2020年5月25日,美国明尼阿波利斯市警察在拘捕非洲裔男子弗洛伊德时,用膝盖持续压迫其颈部致其死亡。 联合国人权理事会当年6月就此举行紧急辩论并通过决议,要求对此类暴力执法和种族歧视问题进行持续关注。 巴切莱特曾多次表示,像弗洛伊德遇害这样的惨剧本可避免却一再发生,这说明系统性的种族主义需要系统性的应对措施,需要采取全面而非零碎的方法才能消解几个 世纪以来根深蒂固的系统性歧视和暴力。 (完)
图说-2020年5月31日,抗议示威者在美国明尼苏达州明尼阿波利斯市被警察逮捕。 (新华社发,安格斯·亚历山大摄)