Connect with us

North America

ကနေဒါ နှင့် အမေရိကန်တို့က အာတိတ်စစ်ရေးလေ့ကျင့်မှု ပူးတွဲပြုလုပ်

ကနေဒါနိုင်ငံ အော့တဝါမြို့၌ အောက်မေ့ဖွယ်အခမ်းအနားတစ်ခုအတွင်း CF-18 ဂျက်လေယာဉ်ပျံသန်းနေသည်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အော့တဝါ ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

ကနေဒါစစ်တပ်(CAF) နှင့် အမေရိကန်စစ်တပ်တို့သည် စစ်ရေးစွမ်းရည် အားကောင်းလာစေရန် ဖေဖော်ဝါရီလ နှင့် မတ်လတို့တွင် အာတိတ်ဒေသ၌ ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း ကနေဒါနိုင်ငံ အမျိုးသားကာကွယ်ရေးဌာနက မတ် ၉ ရက်တွင် ကြေညာခဲ့သည်။

ကနေဒါစစ်တပ်(CAF)သည် ၎င်းတို့၏ စစ်ဘက်အဖွဲ့အစည်းများ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး စွမ်းရည်ကို မြှင့်တင်ရန် မြောက်အမေရိကအနှံ့ အခြားနေရာများ နှင့် အလက်စကာတို့၌ အမေရိကန်စစ်တပ်နှင့်တွဲဖက်၍ ကြိမ်ဖန်များစွာ ပြုလုပ်သည့် ပူးတွဲအာတိတ်လေ့ကျင့်မှုအများအပြားတွင် ပါဝင်လျက် ရှိကြောင်း အမျိုးသားကာကွယ်ရေးဌာနက ပြောကြားခဲ့သည်ဟု မတ် ၉ ရက်တွင် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကနေဒါစစ်တပ်သည် အမေရိကန်အလက်စကန်ဌာနချုပ်က ဦးဆောင်ပြီး အမေရိကန်မြောက်ပိုင်းဌာနချုပ်က ပံ့ပိုးကူညီသည့် အာတိတ်အစွန်း လေ့ကျင့်မှု ၊ အလက်စကာပြည်နယ်ရှိ အမေရိကန်စစ်တပ်က ဦးဆောင်သည့် ပူးတွဲပစိဖိတ်နိုင်ငံမျိုးစုံပါဝင်သော အသင့်ရှိမှုစင်တာ(JPMRC) ၊ အလက်စကာအမျိုးသားအစောင့်တပ်ဖွဲ့က ဦးဆောင်သည့် အာတိတ် EAGLE-PATRIOT လေ့ကျင့်မှု နှင့် အမေရိကန်စစ်တပ်က ဦးဆောင်သည့် ရေခဲပြင်လေ့ကျင့်မှု(ICEX) တို့တွင် ပါဝင်ခဲ့ကြောင်း သိရသည်။

“အာတိတ်စစ်ရေးလေ့ကျင့်မှုတွေက အာတိတ်ဒေသမှာ အခြေအနေကို သိရှိနားလည်ဖို့ ၊ သတင်းအချက်အလက်မျှဝေဖို့ နဲ့ လုပ်ငန်းဆောင်ရွက်မှု စွမ်းရည်တွေကို အားကောင်းစေဖို့ပဲ ဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်းထုတ်ပြန်ချက်အရ ယင်းလေ့ကျင့်မှုများအပြင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ နှင့် မတ်လတို့တွင် ပြုလုပ်သည့် အာတိတ် လှုပ်ရှားမှုများတွင် ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြီးဆုံးခဲ့သည့် NANOOK-NUNALIVUT စစ်ဆင်ရေး နှင့် အလက်စကာ ၊ ကနေဒါနိုင်ငံ မြောက်ပိုင်း နှင့် Greenland ကမ်းလွန်တို့၌ မတ် ၁၆ ရက်တွင် ပြုလုပ်မည့် မြောက်အမေရိက လေကြောင်းကာကွယ်ရေးဌာနချုပ်(NORAD) ၏ NOBLE DEFENDER စစ်ဆင်ရေးတို့ ပါဝင်ကြောင်းလည်း သိရသည်။ (Xinhua)

………………………………….
(English Version)
Canada, U.S. have joint Arctic military exercises
OTTAWA, March 9 (Xinhua) — Canada’s Department of National Defence announced Wednesday the Canadian Armed Forces (CAF) and the United States military have joint exercises in Arctic area in February and March to strengthen military ability.
In a press release issued on Wednesday, National Defence said the CAF is participating in several recurring joint Arctic exercises alongside the U.S. military in Alaska and other locations across North America to enhance the ability of their military organizations to operate effectively together.
The CAF took part in Exercise ARCTIC EDGE, led by U.S. Alaskan Command and supported by U.S. Northern Command; Joint Pacific Multinational Readiness Center (JPMRC), led by the U.S. Army in Alaska; Exercise ARCTIC EAGLE-PATRIOT, led by the Alaska National Guard; and ICE EXERCISE (ICEX), led by the U.S. Navy.
“Arctic exercises strengthen situational awareness, information sharing and operational capabilities in the Arctic,” the release said.
According to the release, in addition to these exercises, Arctic activities in February and March 2022 also include Operation NANOOK-NUNALIVUT that concluded on Feb. 28, 2022, and North American Aerospace Defense Command (NORAD)’s Operation NOBLE DEFENDER to take place on March 16, 2022 in Alaska, northern Canada, and off the coast of Greenland. ■
Photo – Photo taken on Nov. 11, 2013 shows CF-18 jets flying by the Canadian Flag during a Remembrance Day ceremony at the Canadian Forces’ National Military Cemetery in Ottawa, Canada. (Xinhua/Cole Burston)