North America
အမေရိကန် ဘဏ်သူဋ္ဌေးကြီး Rockefeller အသက် ၁၀၁ နှစ်အရွယ်တွင် ကွယ်လွန်

နယူးယောက်၊ မတ် ၂၁ ရက် (ဆင်ဟွာ)
ပရဟိတသမားနှင့် အမေရိကန် ဘဏ်လုပ်ငန်းရှင် တစ်ဦး ဖြစ်သူ David Rockefeller သည် အသက် ၁၀၁ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
၎င်းသည် နယူးယောက်မြို့ Pocantico Hills ရှိ နေအိမ်တွင် အိပ်လျက်နေစဉ်တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ မတ်လ ၂၀ ရက် နံနက်ပိုင်း စစ်ဆေးချက်အဖြေအရ နှလုံးရောဂါကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း The Rockfeller ဖောင်ဒေးရှင်းက ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ဘဏ်လုပ်ငန်းရှင်တို့၏ လုပ်ငန်းရှင်ဟု လူသိများသော Rockefeller သည် အမေရိကန်နိုင်ငံ ပရဟိတနှင့် ငွေကြေးပိုင်းဆိုင်ရာ သမိုင်းကြောင်းတွင် လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပြီး အမေရိကန်၏ နိုင်ငံတကာ စီးပွားရေးခေါင်းဆောင် တစ်ဦးလည်း ဖြစ်ကြောင်း ကြေညာချက်၌ ရေးသားထားသည်။
၎င်းသည် John D. Rockefeller Jr. ၏ သားသမီး ခြောက်ဦးအနက် အငယ်ဆုံးသား ဖြစ်ပြီး အမေရိကန် ပထမဦးဆုံးသော ဘီလျံနာ Standard Oil အား ပူးတွဲတည်ထောင်သူ John D. Rockefeller ၏ မြေးလည်း ဖြစ်သည်။
Rockefeller သည် မာဂရက် မက်ဂရေ့သ်နှင့် ၁၉၄၀ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ကလေး ခြောက်ဦး မွေးဖွားခဲ့ကြောင်း၊ ဇနီးသည် မာဂရက်သည် ၁၉၉၆ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ (Xinhua)