Connect with us

North America

လူတို့၏ နှာခေါင်းပုံစံက ရာသီဥတုအပေါ် လွှမ်းမိုးမှုရှိကြောင်း လေ့လာတွေ့ရှိ

အမျိုးသမီး တစ်ဦး၏ နှာခေါင်းပေါ်တွင် လိပ်ပြာ တစ်ကောင် နားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

သင့်၏ နှာခေါင်း ပုံစံကို သင်ကိုယ်တိုင် သဘောကျ နှစ်သက်မှု ရှိပါရဲ့လား။ အကယ်၍ နှစ်သက်မှုမရှိပါက မိဘမျိုးရိုးကြောင့် မဟုတ်ဘဲ နှာခေါင်းပုံစံများအပေါ် ရာသီဥတု ပြောင်းလဲမှုက သက်ရောက်မှု ရှိနေကြောင်း ပညာရှင်များက လေ့လာ တွေ့ရှိခဲ့ကြသည်။

Pennsylvania ပြည်နယ် တက္ကသိုလ်မှ သုတေသီများက လူသားများ၏ နှာခေါင်း ပုံသဏ္ဍာန်မှာ ဒေသ ရာသီဥတု အခြေအနေများနဲ့ လိုက်ဖက်အောင် ဖြစ်တည်နေကြောင်း တွေ့ရှိခဲ့ပြီး ယခု သီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သည့် PLOS Genetics ဂျာနယ်တွင် ဖော်ပြခဲ့သည်။

ယေဘူယျအားဖြင့် နှာခေါင်းကျယ်သောသူများသည် နွေးထွေးပြီး စိုစွတ်သော ရာသီဥတုတွင် နေထိုင်သူများ ဖြစ်ပြီး နှာခေါင်းကျဉ်းသောသူများကတော့ အေး၍ ခြောက်သွေ့သော ရာသီဥတုမှာ နေထိုင်သူများ ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တွေ့ရှိချက်များမှာ အနောက်အာဖရိက၊ တောင်အာရှ၊ အရှေ့အာရှ သို့မဟုတ် ဥရောပ မြောက်ပိုင်းတွင် နေထိုင်သူများ၏ နှာခေါင်း အရွယ်အစားနှင့် ပုံစံများ လေ့လာဆန်းစစ်မှုအပေါ် အခြေခံထားကြောင်း သိရသည်။

နှာခေါင်းပေါက် အကျယ်၊ နှာခေါင်းပေါက် နှစ်ခုကြား အကွာအဝေး၊ နှာခေါင်းအမြင့်၊ နှာခေါင်းအရှည်၊ နှာခေါင်း အစွန်းထွက်မှု၊ နှာခေါင်း၏ ပြင်ပ ဧရိယာနှင့် နှာခေါင်းပေါက် ဧရိယာ စသည်တို့အား 3D မျက်နှာ ပုံရိပ်ဖော် နည်းပညာအား အသုံးပြုကာ သုတေသီများက ကြည့်ရှုသည်ဟု ဆိုသည်။

နှာခေါင်းပေါက် အကျယ်သည် အပူချိန်နှင့် စိုစွတ်မှုကို စုပ်ယူခြင်းနှင့် အခိုင်အမာ ဆက်စပ်လျက်ရှိကြောင်း ပြသခဲ့သည်။

နှာခေါင်း၏ အဓိက လုပ်ဆောင်ချက် တစ်ခုမှာ လေကို ရှုသွင်းကာ အသက်ရှုခြင်း ဖြစ်ပြီး အဆုတ်သို့ ရောက်ရှိချိန်တွင် နွေးထွေး စိုစွတ်သွားကာ ကူးစက်ရောဂါများအား ကာကွယ်ရာတွင် အထောက်အပံ့ ဖြစ်စေသည်ဟု ဆိုသည်။

“အေးတဲ့ ရာသီဥတုမှာ နှာခေါင်းပေါက် ကျဉ်းတဲ့သူတွေဟာ နှာခေါင်းပေါက် ကျယ်တဲ့သူတွေထက် ခံစားမှု ပိုကောင်းနိုင်ပါတယ်၊ နှာခေါင်းပေါက် တဖြည်းဖြည်း ကျဉ်းလာလေလေ အီကွေတာနဲ့ ဝေးတဲ့အရပ်မှာ နေထိုင်တဲ့သူတွေ ဖြစ်လေပါပဲ” ဟု တွေ့ရှိချက်၌ ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.