Connect with us

North America

ယူကရိန်း နိုင်ငံ Zhytomyr ပြည်နယ် တွင် အကြီးစား ယာဉ်တိုက်မှု တစ်ရပ် ဖြစ်ပွား အနည်းဆုံး လူ ၁၀ ဦး သေဆုံး

ယူကရိန်း နိုင်ငံ ရှိ အမြန်လမ်း တစ်ခု တွင် ယာဉ်များ မောင်းနှင်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကိဗ် ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ယူကရိန်း နိုင်ငံ Zhytomyr ပြည်နယ် တွင် ဇူလိုင်လ ၂၀ ရက် ၌ အကြီးစား ယာဉ်တိုက်မှု တစ်ရပ် ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦး သေဆုံး ခဲ့ကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

Zhytomyr ပြည်နယ် ရဲတပ်ဖွဲ့ ထုတ်ပြန် ခဲ့သည့် ကြေညာချက်အရ ယာဉ်တိုက်မှုသည် ပြည်နယ် မြို့တော် အနီးရှိ အမြန်လမ်း တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ ခရီးသည် ၁၉ ဦး လိုက်ပါခဲ့သည့် ခရီးသည် တင်ယာဉ် တစ်စင်း က ကုန်တင်ကား အား နောက် မှ ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ၊ ယာဉ်တိုက်မှုကြောင့် ၁၀ ဦး သေဆုံး ခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာ ရရှိသူများအနက် ၄ ဦး မှာ ဒဏ်ရာ လွန်စွာ ပြင်းထန်ကြောင်း သိရှိရသည်။

အခင်း ဖြစ်ပွား ပြီးနောက် ယူကရိန်း နိုင်ငံ သမ္မတ က သေဆုံး ခဲ့သူများ နှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပြီး ဆေးရုံများအား ဒဏ်ရာရရှိသူများကို အတတ်နိုင်ဆုံး ကြိုးပမ်းကယ်ဆယ် သွားရန် မှာကြား ခဲ့ကြောင်း ယူကရိန်း နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ သိရှိရသည်။ယူကရိန်း နိုင်ငံ ရဲတပ်ဖွဲ့ ၏ နောက်ဆုံး ထုတ်ပြန်ချက်အရ ယခု နှစ် ပထမ နှစ်ဝက် အတွင်း ယူကရိန်း နိုင်ငံ ၌ ယာဉ်တိုက်မှုပေါင်း ၆၉,၀၀၀ ခန့် ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၁,၂၀၀ ကျော် သေဆုံးခဲ့ကာ ၁၃,၀၀၀ ခန့် ဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.