Connect with us

North America

ကနေဒါနိုင်ငံ တိုရန်တိုမြို့တွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ

အခင်းဖြစ်ပွားသောနေရာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓါတ်ပုံ- အင်တာနက်)

အော့တဝါ ၊ ဇူလိုင်၂၃ ရက်(ဆင်ဟွာ)

ကနေဒါနိုင်ငံ တိုရန်တိုမြို့ရှိ လူစည်ကားရာနေရာတစ်ခုတွင် ဇူလိုင်လ ၂၂ ရက် ညပိုင်းက သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ဒဏ်ရာရသူများ အနက် ၁ ဦး မှာ ကလေးငယ်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၂ ရက် ည ၁၀ နာရီခန့်က တိုရန်တို Greek Town အနီးတွင် သေနတ်သံများ ကြား ခဲ့ရကြောင်း မျက်မြင်သက်သေတစ်ဦးက ဆိုသည်။ ထို့နောက် ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးသမား များက အခင်းဖြစ်နေရာသို့ ချက်ချင်းသွားရောက်ခဲ့ပြီး လုံခြုံရေးအတားအဆီးများ ပြုလုပ်ခဲ့ကြောင်း၊ ဒဏ်ရာရသူများကို အရေးပေါ်ကယ်ဆယ်မှုများ ပြုလုပ်ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်သူ သေနတ်သမားမှာ သေဆုံးသွားပြီဖြစ်ကြောင်း၊ လက်ရှိတွင် ရဲတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်မှုနှင့်ပတ်သတ်၍ အသေးစိတ်အခြေအနေများကို ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

Greek Townတွင် စားသောက်ဆိုင်၊ကော်ဖီဆိုင်နှင့် စတိုးဆိုင် အမြောက်အမြားရှိကြောင်း ၊ ပစ်ခတ်မှုဖြစ်ပွားချိန်သည် အားလပ်ရက် ညပိုင်း ဖြစ်သောကြောင့် လူသွားလူလာပိုများကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.