ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဒီဇင်ဘာ ၁၅ ရက် လုံခြုံရေးကောင်စီတွင် “ငြိမ်းချမ်းရေးအတွက် ဦးဆောင်နိုင်စွမ်းပြသခြင်း” တံခါးဖွင့်အချေအတင်ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံအား မှားယွင်းသော ပြောဆိုချက်များကို ရုပ်သိမ်းရန် ထပ်မံတိုက်တွန်းခဲ့သည်။
မော်စကို၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရုရှား-အိန္ဒိယ နှစ်နိုင်ငံကြား တပ်ဖွဲ့များစုဖွဲ့ခြင်း၊ စစ်သင်္ဘောများနှင့် စစ်လေယာဉ်များ အပြန်အလှန် ဖြန့်ကြက်ချထားရေးဆိုင်ရာ အစိုးရချင်းသဘောတူညီချက်တစ်ရပ်အား ရုရှားနိုင်ငံသမ္မတ ဗလာတီမာ ပူတင်က ဒီဇင်ဘာ ၁၅ ရက်၌ ဥပဒေအဖြစ် လက်မှတ်ရေးထိုးအတည်ပြုခဲ့သည်။
ဘာလင်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ယူကရိန်း-အမေရိကန် နှစ်ဖက်က ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ဆွေးနွေးညှိနှိုင်းမှုအတွင်း နယ်မြေပိုင်နက်ပြဿနာသည် အထူးပင်ဖြေရှင်းရန် ခက်ခဲကြောင်း၊ ဘက်အသီးသီး ရပ်တည်ချက်များက ကွဲလွဲမှုများ ရှိနေဆဲဖြစ်ကြောင်း ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
– တရုတ်နှင့် ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီးများက ဆက်ဆံရေး၊ အရှေ့အလယ်ပိုင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး – ယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက်နှင့်ဆက်စပ်သော ကိစ္စ ၉၀ ရာခိုင်နှုန်းကို ဖြေရှင်းပြီးဖြစ်ဟု အမေရိကန် ပြော – ထိုင်းပင်လယ်ကွေ့ကို အန္တရာယ်မြင့်မားသောဧရိယာအဖြစ် ထိုင်းစစ်တပ် သတ်မှတ် – အမေရိကန်ဘက်နှင့် ဆွေးနွေးမှုမှာ “အကျိုးရှိ” ဟု ဇယ်လန်းစကီး...
ဆန်ဖရန်စစ္စကို၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) သည် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဖြင့် ဘရောင်းတက္ကသိုလ် သေနတ်ပစ်ခတ်မှု၏ သံသယရှိသူ သက်ဆိုင်ရာသဲလွန်စများ စုဆောင်းလျက်ရှိကြောင်း အမေရိကန်မီဒီယာများက ဒီဇင်ဘာ ၁၅ ရက်တွင် သတင်းဖော်ပြကြသည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က BBC (ဘီဘီစီ) အား အမေရိကန်လွှတ်တော်အဆောက်အအုံ အဓိကရုဏ်းနှင့် ဆက်စပ်သော မိန့်ခွန်းကို အထင်မြင်မှားစေသည့် တည်းဖြတ်မှု ပြုလုပ်ခဲ့သည်ဟု စွပ်စွဲကာ အသရေဖျက်မှုဖြင့် ဒီဇင်ဘာ ၁၅ ရက်၌ တရားစွဲဆိုခဲ့သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ထိုင်းစစ်တပ်သည် ဒီဇင်ဘာ ၁၅ ရက်တွင် ထိုင်းပင်လယ်ကွေ့အား အန္တရာယ်မြင့်မားသောဒေသအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါလုပ်ရပ်သည် ကမ္ဘောဒီးယားဘက်သို့ စစ်သုံးပစ္စည်းများ ပို့ဆောင်သည့် လမ်းကြောင်းအား ဖြတ်တောက်ရန်ဖြစ်သည်ဟု ထိုင်းမီဒီယာများက သတင်းဖော်ပြကြသည်။
စိန့်ပီတာစဘတ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)
အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ရေတပ်သည် ဒီဇင်ဘာ ၁၅ ရက်တွင် အာရေဗျပင်လယ် မြောက်ဘက်ပင်လယ်ပြင်၌ တာဝေး ဝေဟင်ပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ ISI သတင်းဗျူရိုက အဆိုပါနေ့ ထုတ်ပြန်ကြေညာချက်တွင် ပြောကြားခဲ့သည်။
မက်ဒရစ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဒီဇင်ဘာ ၁၄ ရက်က ရီးရဲလ်မက်ဒရစ်နှင့် အလာဗက်စ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်က ကီလီယန် အမ်ဘာပေနှင့် ရိုဒရီဂိုတို့၏ သွင်းဂိုးများနှင့်အတူ အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ အမှတ်ပေးဇယားထိပ်ဆုံးမှ ဘာစီလိုနာနှင့် အမှတ်ကွာဟချက် လျှော့ချနိုင်ခဲ့ပြီး လေးမှတ်အကွာတွင်ရှိနေသည်။ပွဲချိန်...