ဆိုးလ်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များအကြား တိုက်ရိုက် ဆွေးနွေးနိုင်ရန် အရေးပေါ်ဖုန်းလိုင်းအား နှစ်နိုင်ငံလုံးက ဖွင့်လိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံ အိမ်ပြာတော်က ဧပြီလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။
ဒမက်စကက်စ်၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) ဆီးရီးယားသမ္မတ Bashar al-Assadက ပြင်သစ်အစိုးရပေးအပ်သည့် Legion of Honour ဂုဏ်ပြုဆု တံဆိပ်အားပြန်လည် အပ်နှင်းခဲ့သည်ဟု ဆီးရီးယားသမ္မတအိမ်တော် ပြန်ကြားရေးရုံးက ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည့်ကြေညာချက်ဖော်ပြထားသည်။
ဗီယင်နာ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) သြစတြီးယားနိုင်ငံ Salzburg မြို့ရှိ ဘူတာရုံကြီး၌ ဧပြီလ ၂၀ ရက်က ရထားတိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၅၄ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့ပိုင်း ဆာခရို (Sa Kaeo) ပြည်နယ်တွင် ဧပြီလ ၁၉ ရက်ညပိုင်းက ပစ်ကပ်ကားတစ်စီး လမ်းဘေးမြောင်း အတွင်းသို့ တိမ်းမှောက်ခဲ့ရာ ထိုင်းနိုင်ငံသား ဆယ်ကျော်သက် ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း...
ဂျေရုဆလင်၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) ဧပြီလ ၁၉ ရက်တွင် ကျင်းပသော အစ္စရေးနိုင်ငံလွတ်လပ်ရေးနေ့၌ အစ္စရေးအစိုးရနှင့် လူမှုအဖွဲ့အစည်းနယ်ပယ်အသီးသီးလူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး အစ္စရေးနိုင်ငံတည်ထောင်သည့် နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုခဲ့ကြကြောင်း သိရှိရသည်။
ချီကာဂို ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ အလယ်ပိုင်း Missouri ပြည်နယ် ရှိ ရုပ်သံထုတ်လွှင့်ရေး တာဝါတိုင် တစ်ခု ဧပြီ လ ၁၉ ရက်နေ့ ၌ ပြိုလဲ ခဲ့ရာ လူ ၁ ဦး သေဆုံး...
ဝါရှင်တန် ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) ခေတ်သစ်ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံပေါင်း ၂၆ နိုင်ငံ ၏ ဗဟိုဘဏ် များအနက် ရာခိုင်နှုန်း ၉၀ ကျော် က ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု သည် အနာဂတ် ၅ နှစ်တာ ကာလ...
ဝါရှင်တန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲ (Angela Merkel) တို့သည် အိမ်ဖြူတော်၌ ဧပြီလ ၂၇ ရက်တွင် တွေ့ဆုံမည်ဟု အိမ်ဖြူတော်က ဧပြီလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ဟာဗာနား၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံ သမ္မတ ရောလ်ကက်စထရို (Raul Castro) ၏ နေရာဆက်ခံမည့်သူအား ရွေးချယ်ရန် နှစ်ရက်တာကျင်းပသည့် အမျိုးသားညီလာခံအား ဧပြီလ ၁၈ ရက် နံနက်ပိုင်းက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ရိုဘီ ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) ဧပြီလ ၁၈ ရက်က ဆိုမာလီယာ တောင်ပိုင်း Middle Shabelleပြည်နယ်တွင် အယ်လ်ရှာဘတ် (Al-Shabaab)အစွန်းရောက်လက်နက်ကိုင်အဖွဲ့က ဆိုမာလီယာအစိုးရတပ်ကို တိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံး အစိုးရ စစ်သား ၂ ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ အစိုးရအရာရှိတစ်ဦးက ထိုနေ့တွင်ပြောကြားခဲ့သည်။