နယူးဒေလီ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ဗဟိုအစိုးရက ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုအခွန် (GST) ပြုပြင်ပြောင်းလဲမှုများ ကြေညာခဲ့ပြီးနောက် မော်တော်ဆိုင်ကယ်များ အပါအဝင် ကားများနှင့် လုပ်ငန်းသုံးယာဥ်များ မကြာမီ ပိုမိုစျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက် တရားဝင်ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
ဒတ်ကာ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝေးဟိုင်မြို့က ဆီနီဂေါနိုင်ငံ မြို့တော်ဒတ်ကာ၏ Ouakam ခရိုင်ရှိ ရေဘေးသင့်ဒေသခံများအား ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ၎င်းခရိုင်တွင် စက်တင်ဘာ ၁၀ ရက်၌ ပြုလုပ်ခဲ့သည်။
ဟာရာရီ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) မကြာသေးခင်က ဇင်ဘာဘွေနိုင်ငံသမ္မတ အမ်မာဆန်အမ်နမ်ဂက်ဝါ တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့စဥ်အတွင်း နှစ်နိုင်ငံအကြား ပိုမိုခိုင်မာသောဆက်ဆံရေးကို ထပ်မံခိုင်မာမှုရှိခဲ့ကြောင်း ဇင်ဘာဘွေ နိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်ကြီး အေမွန်မာဝီရာက စက်တင်ဘာ ၉ ရက်က ပြောကြားခဲ့သည်။
မက်ဒရစ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) UEFA စီမံခန့်ခွဲရေးကော်မတီက ၂၀၂၇ခုနှစ် ဗိုလ်လုပွဲကျင်းပမည့်နေရာအဖြစ် စက်တင်ဘာ ၁၁ ရက်တွင်ကြေညာခဲ့ပြီးနောက် အက်သလက်တီကိုမက်ဒရစ်အသင်းအိမ်ကွင်းဖြစ်သည့် မက်ထရိုပိုလစ်တာနို အားကစားကွင်းတွင် ချန်ပီယံရှစ် ဗိုလ်လုပွဲကို သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရသည်။
အေသင်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဂရိနိုင်ငံ၏အမျိုးသားပြည်သူ့ကျန်းမာရေးအဖွဲ့ (EODY) က ဂရိနိုင်ငံ၌ ၂၀၂၅ ခုနှစ် လက်ရှိအချိန်အထိ သေဆုံးသူ ငါးဦးအပါအဝင် West Nile ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၅ ဦး ရှိခဲ့ကြောင်း စက်တင်ဘာ ၁၀ ရက်က သတင်း ထုတ်ပြန်ခဲ့သည်။
မက်ဒရစ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) အက်သလက်တစ် ဘီဘာအိုအသင်းက စပိန်လက်ရွေးစင်နောက်ခံလူ အိုင်မယ်ရစ် လာပေါ့တေးအား ၂၀၂၈ ခုနှစ် ဇွန်လကုန်အထိ သက်တမ်းရှိသော သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း အတည်ပြုကြေညာခဲ့သည်။
ဘရာဇီးလီးယား၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတဟောင်း Jair Bolsonaro ၏ အာဏာသိမ်းရန် စီစဉ်ခြင်း ပြစ်မှုအား အတည်ပြုသောကြောင့် ထောင်ဒဏ် ၂၇ နှစ် ၃ လ ချမှတ်လိုက်ကြောင်း ဘရာဇီး ဖက်ဒရယ် တရားရုံးချုပ်က စက်တင်ဘာ ၁၁ ရက်တွင်...
ဂျေရုဆလမ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှု ဖြစ်ပေါ်ခဲ့သော ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းရှိ “E1 ဇုန်” ဂျူးလူမျိုး အခြေချနေထိုင်ရေးစီမံကိန်းကို တွန်းအားပေးဆောင်ရွက်ရန် ရည်ရွယ်သည့် သဘောတူညီချက်တစ်ရပ်ကို အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုက စက်တင်ဘာ ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး “ပါလက်စတိုင်းနိုင်ငံရှိလာမည်မဟုတ်” ဟု ကြေညာခဲ့သည်။
လန်ဒန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ချဲလ်ဆီးအသင်းကို ၂၀၀၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အကြား အေးဂျင့်များအား ငွေပေးချေမှုနှင့်ပတ်သက်သည့် စည်းမျဉ်းချိုးဖောက်မှု ၇၄ ဖြင့် ဘောလုံးအဖွဲ့ချုပ် (FA) က တရားစွဲလိုက်ကြောင်း သိရသည်။ စွဲချက်တင်ထားသော ပြစ်မှုအများစုမှာ ၂၀၁၀-၂၀၁၁ နှင့် ၂၀၁၅-၂၀၁၆ ရာသီများအတွင်း...
လစ္စဘွန်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ကာတာနိုင်ငံ မြို့တော်ဒိုဟာအား အစ္စရေး၏ တိုက်ခိုက်ခဲ့မှုအပေါ် ပေါ်တူဂီနိုင်ငံက ပြစ်တင်ရှုတ်ချ လိုက်ပြီး နိုင်ငံအချုပ်အခြာအာဏာကို ချိုးဖောက်တိုက်ခိုက်ခြင်းဖြစ်ကာ ဒေသတွင်း အကြမ်းဖက် တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်သည့်အန္တရာယ်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။