လာ့စ်ဗီးဂတ်စ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) မြောက်အမေရိက၏ အကြီးဆုံး သန့်ရှင်းသော စွမ်းအင်ပြပွဲဖြစ်သည့် RE+ ပြပွဲကို အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လာ့စ်ဗီးဂတ်စ်မြို့တွင် စက်တင်ဘာ ၈ ရက်၌ စတင်ခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲသော စွမ်းအင်၏ အနာဂတ်ကို ပုံဖော်ရန် သန့်စင်စွမ်းအင်လုပ်ငန်းခေါင်းဆောင်များနှင့် ကျွမ်းကျင်ပညာရှင်များကို စုဝေးစေခဲ့သည်။ အဆိုပါပြပွဲ၌...
ဘာလင်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) လေဗာကူဆင်အသင်း၏ နည်းပြချုပ်သစ်အဖြစ် ကက်စပါ ယူလ်မန်းအား ခန့်အပ်လိုက်ကြောင်း အဆိုပါ ကလပ်အသင်းက စက်တင်ဘာ ၇ ရက်၌ အတည်ပြုကြေညာခဲ့သည်။ အချိန်တိုတောင်းသော်လည်း မတည်ငြိမ်သည့် အခြေအနေများနှင့် ကြုံခဲ့ရသည့် ယခင်နည်းပြ အဲရစ် တန်ဟက်ဂ်မှာ အသင်းအား နှစ်လတာအတွင်း သုံးပွဲကိုင်တွယ်ပြီးချိန်တွင်...
– တရုတ်နိုင်ငံ သမ္မတ ရှီက ၇၇ နှစ်မြောက် မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း နှစ်ပတ်လည်အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာ ကင်ထံ ပေးပို့ – ဆေးရုံတွင်နေထိုင်၍ ပြစ်ဒဏ်ကျခံခြင်းက ဥပဒေနှင့်မညီဟု ထုတ်ဖော်ပြီးနောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းတရားရုံးချုပ်က ထောင်ဒဏ်ပြန်လည်ချမှတ် – တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင်မြို့တွင် ၂၀၂၅...
နယူးဒေလီ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာယာနာပြည်နယ်တွင် အဲယားကွန်း ကွန်ပရက်ဆာပေါက်ကွဲပြီး လေးထပ် အဆောက်အအုံတစ်ခု မီးလောင်ကျွမ်းခဲ့ရာမှ မိသားစုဝင်သုံးဦးသေဆုံးခဲ့ကြောင်း ဒေသရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါမတော်တဆဖြစ်ရပ်သည် ဟာယာနာပြည်နယ် ဖာရာဒါဘတ်ခရိုင် ဂရင်းဖီးဒေသတွင် ဖြစ်ပွားခဲ့သည်။ ရဲတပ်ဖွဲ့၏အဆိုအရ မိသားစုဝင်သုံးဦးသည် ခေါင်မိုးထပ်သို့ ထွက်ပြေးရန်ကြိုးပမ်းခဲ့ရာတွင် တံခါးများပိတ်နေသောကြောင့် အသက်ရှူကျပ်ကာ...
အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသည် သီရိလင်္ကာနိုင်ငံနှင့် One Day International (ODI) နိုင်ငံတကာ ခရစ်ကတ်ပြိုင်ပွဲများကို နိုဝင်ဘာလတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း ပါကစ္စတန်ခရစ်ကတ် ဘုတ်အဖွဲ့ (PCB) က စက်တင်ဘာ ၈ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါပြိုင်ပွဲများကို အစ္စလာမ်မာဘတ်မြို့အနီးရှိ...
ဘန်ကောက်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ရဲဆေးရုံကြီး၌ ပြစ်ဒဏ်ကျခံမှုလုပ်ထုံးလုပ်နည်းများသည် တရားဥပဒေနှင့် မညီညွတ်သဖြင့် ပြစ်ဒဏ် ၁ နှစ် ပြန်လည်ကျခံရမည်ဟု ထိုင်းနိုင်ငံ တရားရုံးချုပ်က စက်တင်ဘာ ၉ ရက်တွင် စီရင်ချက်ချလိုက်ကြောင်း ထိုင်းမီဒီယာများက သတင်းဖော်ပြကြသည်။ ထိုင်းနိုင်ငံ တရားရုံးချုပ်သည်...
ဗလာတီဗော့စတော့၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) မော်စကို-စိန့်ပီတာစဘတ် ရထားလမ်း လုပ်ငန်းပြီးစီးပြီးနောက် မြန်နှုန်းမြင့်ရထားလမ်း (HSR) စီမံကိန်းလေးခု အတွက် အကဲဖြတ်မှုလုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ကြောင်း ဒေသမီဒီယာများက စက်တင်ဘာ ၈ ရက်တွင် သတင်းဖော်ပြခဲ့ကြောင်း သိရသည်။ “ကနဦးအကဲဖြတ်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း” ရုရှားသယ်ယူပို့ဆောင်ရေး ဒုတိယဝန်ကြီးချုပ် Vitaly Savelyev က...
ဆန်တီယာဂို၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ချီလီကွင်းလယ်ကစားသမား ဆီဆာ ပီရက်ဇ်သည် ဒူးအရွတ် စုတ်ပြဲသွားပြီးနောက် တစ်နှစ်အထိ အနားယူရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ပီရူးနိုင်ငံဘောလုံးအဖွဲ့ချုပ်က စက်တင်ဘာ ၈ ရက်၌ ထုတ်ပြန်ခဲ့သည်။ အသက် ၂၂ နှစ်အရွယ် ကစားသမား ပီရက်ဇ်က စက်တင်ဘာ ၉ ရက်၌...
တိုကျို၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ဂျပန်ဝန်ကြီးချုပ် ရှီခဲရု အီရှီဘာ ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် အာဏာရပါတီ၏ ဥက္ကဋ္ဌ ရွေးကောက်ပွဲအတွက်ဝင်ရောက်ယှဥ်ပြိုင်ရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟောင်း တိုရှီမီဆု မိုတီဂီက ရည်ရွယ်ထားကြောင်း ကျိုဒိုသတင်းဌာန၏ စက်တင်ဘာ ၈ ရက် သတင်းဖော်ပြမှုအရ သိရသည်။ ဂျပန်ဝန်ကြီးချုပ် အီရှီဘာမှာ ပါတီ၏...
နိုင်ရိုဘီ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) နှစ်စဉ် တောရိုင်းတိရစ္ဆာန်များ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းသွားလာသည့် ရာသီကြောင့် ကင်ညာနိုင်ငံ Masai Mara နယ်မြေသည် အများကဂရုပြုခြင်းခံရသည် သဘာဝစင်မြင့်ဖြစ်လာခဲ့သည်။ သို့သော်လည်း အဆိုပါမြက်ခင်းပြင်ထက်တွင် အံ့ဩတုန်လှုပ်ဖွယ် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းသွားလာသည့် မြင်ကွင်းအပြင် နွေးထွေးဖွယ် အခိုက်အတန့်များစွာလည်း ရှိနေသည်။ ဆင်အုပ်ထဲတွင်...