ကင်ရှာဆာ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DCR) အစိုးရအဖွဲ့က နိုင်ငံအလယ်ပိုင်း ကာဆိုင်ပြည်နယ်တွင် အီဘိုလာရောဂါပိုးကူးစက်မှုအသစ်ဖြစ်ပွားနေကြောင်း စက်တင်ဘာ ၄ ရက်က ကြေညာခဲ့ပြီး အဆိုပါကူးစက်ဖြစ်ပွားမှုသည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ၁၉၇၆ ခုနှစ်မှစ၍ ၁၆ ကြိမ်မြောက် ကူးစက်ဖြစ်ပွားမှုဖြစ်ကြောင်း သိရသည်။ မြို့တော်ကင်ရှာဆာတွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌...
ရောမ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) အသက် ၉၁ နှစ်အရွယ် အီတလီဖက်ရှင်ဒီဇိုင်နာကြီးဂျော်ဂျီယိုအာမနီသည် စက်တင်ဘာ ၄ ရက်တွင် ကွယ်လွန် ခဲ့ပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။ အာမနီသည် ဆေးရုံတွင်တက်ရောက်ကုသခဲ့ပြီးနောက် နေပြန်ကောင်းလာခဲ့ကာ လအတန်ကြာတွင် နေအိမ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း အီတလီသတင်းစာတစ်စောင်ဖြစ်သည့် La Repubblica က...
ဗလာဒီဗော့စ်တော့ခ်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ပူတင်သည် ဖိတ်ကြားချက်အရ ၁၀ ကြိမ်မြောက် အရှေ့တိုင်းစီးပွားရေးဖိုရမ်ကို တက်ရောက်လာသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်တီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ လီဟုန်ကျုံးအား စက်တင်ဘာ ၄ ရက်တွင် ရုရှားနိုင်ငံ...
ကွာလာလမ်ပူ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ အမျိုးသားကားထုတ်လုပ်ရေးလုပ်ငန်းပရိုတွန်သည် နိုင်ငံ၏စက်မှုလုပ်ငန်းခရီးလမ်းတွင် မှတ်တိုင်သစ်တစ်ခုဖြစ်လာမည့် ပထမဆုံးလျှပ်စစ်ကား စက်ရုံကို Perak ပြည်နယ်၌ စတင်ဖွင့်လှစ် လိုက်ပြီဖြစ်သည်။ အဆိုပါလုပ်ဆောင်မှုသည် ပရိုတွန်နှင့် ၎င်း၏ မဟာဗျူဟာမိတ်ဖက် Geely တို့မှတစ်ဆင့် မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နီးကပ်စွာပူးပေါင်းလုပ်ဆောင်မှုကိုထင်ဟပ်လျက်ရှိပြီး နိုင်ငံ၏မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်း...
စင်ကာပူ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံက အလုပ်သမားလေးဦးလျှင် သုံးဦးသည် လုပ်ငန်းခွင်တွင် ဉာဏ်ရည်တုနည်းပညာ (AI) ကိရိယာများ ပုံမှန်အသုံးပြုကြကြောင်း မကြာသေးမီက ထုတ်ပြန်သည့်စစ်တမ်း၌ ဖော်ပြခဲ့ကြောင်း ဒစ်ဂျစ်တယ်ဖွံဖြိုးမှုနှင့် သတင်းအချက်အလက်ဝန်ကြီးဌာန ဝန်ကြီး Josephine Teo က စက်တင်ဘာ ၄ ရက်၌ ပြောကြားခဲ့သည်။...
ကုလသမဂ္ဂ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းရှိ မိသားစုများအတွက် နောက်ဆုံးခိုလှုံရာ ဂါဇာစီးတီး၏ အခြေအနေမှာ ကလေးငယ်များ အသက်ရှင်သန်နိုင်စွမ်းမရှိသည့် နေရာတစ်ခုအဖြစ်သို့ အလျင်အမြန် ရောက်ရှိလာကြောင်း ကမ္ဘာ့ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့ (ယူနီဆက်) ၏ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းဒေသဆိုင်ရာရုံး ဆက်ဆံရေးမန်နေဂျာ တက်စ်အင်ဂရမ်က သြဂုတ် ၄ ရက်၌ ပြောကြားလိုက်သည်။...
လန်ဒန်၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းမှာ ဒဏ်ရာကြောင့် လာမည့်ဖီဖာကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် အင်္ဂလန်အသင်းလူစာရင်းမှ ချန်လှပ်ခံလိုက်ရကြောင်း သိရသည်။ ဂျွန်စတုန်းမှာ ယခုရာသီအစ မန်စီးတီး၏ ပရီးမီးယားလိဂ် ၃ ပွဲစလုံးတွင် ပွဲထွက်လူစာရင်းမှ ကစားခွင့်ရ ခဲ့သော်လည်း အင်္ဂလန်အသင်းနည်းပြ သောမတ်စ်တူချယ်၏ အတည်ပြုချက်အရ အသက် ၃၁ နှစ်အရွယ်ရှိ...
ကဘူးလ်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ယာယီတာဝန်ခံ ပေါင်းရွှိဟွေးသည် စက်တင်ဘာ ၅ ရင်တွင် အာဖဂန်နစ္စတန်နိုင်ငံ လခြမ်းနီအသင်း (ARCS) ဥက္ကဋ္ဌ Dilawar နှင့် တွေ့ဆုံဆွေးနွေး၍ အာဖဂန်နစ္စတန်နိုင်ငံ ငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများအား ပံ့ပိုးပေးရန်အတွက် တရုတ်ကြက်ခြေနီအသင်းမှ အာဖဂန်နစ္စတန် လခြမ်းနီအသင်းသို့...
ဗျူနိုအေးရိစ်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) လီယွန်နယ် မက်ဆီက Monumental Stadium အားကစားကွင်းတွင် စက်တင်ဘာ ၄ ရက်က ဗင်နီဇွဲလားအသင်းနှင့် ယှဥ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ ၃-၀ ဖြင့် အာဂျင်တီးနားအသင်းကို အနိုင်ရရှိစေခဲ့ပြီးနောက် “အဆုံးသတ်က နီးကပ်လာပြီ” ဟု ဝန်ခံခဲ့ကြောင်း သိရသည်။ အဆိုပါပွဲစဥ်အား...
ဝါရှင်တန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်-ဂျပန် ကုန်သွယ်ရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် အမိန့်ကြေညာချက်အား စက်တင်ဘာ ၄ ရက်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့သည်။ “သဘောတူညီချက်အရ အမေရိကန်နိုင်ငံသည် မော်တော်ယာဥ်နှင့် မော်တော်ယာဥ်အစိတ်အပိုင်းများအတွက် သီးခြားကဏ္ဍအလိုက် အရေးယူဆောင်ရွက်မှု၊ အာကာသထုတ်ကုန်များ၊ အထွေထွေဆေးဝါးများနှင့် အမေရိကန်နိုင်ငံတွင်...