ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) ဘာကီးနားဖားဆိုနိုင်ငံတွင် “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသော အစိုးရအပြောင်းအလဲ” နှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်ကြောင်းနှင့် သမ္မတ Roch Marc Christian Kabore နှင့် အခြားအစိုးရအရာရှိများကို လွှတ်ပေးရန်နှင့် အကာအကွယ်ပေးရန် ဖေဖော်ဝါရီ ၉ ရက်၌ ကုလသမဂ္ဂက တိုက်တွန်းပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယခုနှစ်အတွင်း ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါကို အဆုံးသတ်ရန် အရေးကြီးသော ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြရန် ကမ္ဘာ့ခေါင်းဆောင်များနှင့်အတူ ပူးတွဲ တောင်းဆိုခဲ့ကြောင်း သိရသည်။
ဒတ်ကာ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) “ကျွန်တော်တို့ မျှော်လင့်နေတာကြာပြီဖြစ်တဲ့ ဒီတံတားကြီးဖွင့်လှစ်လိုက်ပါပြီ”ဟု ဆီနီဂေါနိုင်ငံ Foundiougneမြို့နေ ပြည်သူတစ်ဦးဖြစ်သည့် ဒီအောက်ဖ် အတွက်ဆိုရလျှင် နှစ်သစ်တွင် အပျော်ရွှင်ဆုံးက Foundiougneတံတားကြီး တရားဝင် ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်သည်။
မော်စကို၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ရန် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းတွင် ဆွေးနွေပွဲများ ပြုလုပ်ခဲ့ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များကြား “ဆောင်းရာသီအိုလံပစ်ချိန်းဆိုမှု” နှင့် “နွေဦးပွဲတော်တွေ့ဆုံပွဲ” တို့သည် တရုတ်-ရုရှား ဆက်ဆံရေးပိုမိုနက်ရှိုင်းရန်...
ဂျကာတာ ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှစတင်ကာ နိုင်ငံတကာခရီးသွားများအားလုံးအတွက် အင်ဒိုနီးရှားနိုင်ငံ၏ ခရီးသွားနေရာတစ်ခုဖြစ်သည့် ဘာလီကျွန်းကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ရာ ယင်းအပန်းဖြေကျွန်းသို့ လာရောက်လည်ပတ်ရန် ကြိုတင်စာရင်းပေးသွင်းမှု အမြောက်အမြားကို သူ့ခရီးသွားအေဂျင်စီက လက်ခံရရှိထားကြောင်း အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုမှ အကြီးအကဲဖြစ်သူ Putu Winastra...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) တာဝေးပစ် ပဲ့ထိန်းဒုံးကျည်သစ်တစ်မျိုးကို အီရန်နိုင်ငံက ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ဖော်ပြသလိုက်သည်။ ဤမဟာဗျူဟာမြောက်လက်နက်ကို အီရန်နိုင်ငံက ကိုယ်တိုင်တီထွင် ထုတ်လုပ်ခြင်း ဖြစ်ပြီး ကီလိုမီတာ ၁,၄၅၀ အတွင်းရှိ ပစ်မှတ်ကို အတိအကျ ပစ်ခတ်နိုင်ကြောင်း အီရန်အစိုးရမီဒီယာများက ဖော်ပြထားသည်။
အေဒင် ၊ ယီမင် ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) အာရပ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ယီမင်နိုင်ငံတွင် ၂၀၂၂ ခုနှစ် ပထမဆုံးလ(ဇန်နဝါရီလ) အတွင်း ပေါက်ကွဲမှုများကြောင့် လူပေါင်း ၃၆ ဦးထိသေဆုံးခဲ့ရကြောင်း ယီမင်အစိုးရတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။
ဗီယင်နာ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် အီရန်နျူကလီးယားအရေးကို ဆက်လက်အဖြေရှာရန် အီရန်၏ အခြေခံ ရပ်တည်ချက်ကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ဗီယင်နာ၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Wang Qun က ဖေဖော်ဝါရီ ၈ ရက်၌ ပြောကြားခဲ့သည်။
ဂျေရုဆလမ်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံမှ ပစ်ခတ်ခဲ့ပြီး လေပေါ်တွင် ပေါက်ကွဲသွားခဲ့သော လေယာဉ်ပစ်ဒုံးကျည် ပစ်ခတ်မှုအား တုံ့ပြန်သောအနေဖြင့် အစ္စရေးနိုင်ငံက ဆီးရီးယားရှိ ပစ်မှတ်များကို ဖေဖော်ဝါရီ ၉ ရက်၌ ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောခဲ့သည်။
ခါတွမ်း၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ကုလားအုတ်လို အကောင်ကြီးကြီး တိရစ္ဆာန်တွေကို ဘယ်လို ရွှေ့ပြောင်းရသလဲဆိုတာ သင်မြင်ဖူးပါသလား။ ဆူဒန်နိုင်ငံ မြို့တော် ခါတွမ်းတွင် ဤကန္တရ သယ်ယူပို့ဆောင်ရေးယာဉ်ကြီးဖြစ်သည့် ကုလားအုတ်များကို ကရိန်းဝန်ချီစက်ဖြင့် မတင်ကာ အကြီးစားထရပ်ကားမှာ ထည့်ပြီး အိမ်နီးချင်း အီဂျစ်နိုင်ငံ၏ အဝေးတစ်နေရာသို့ တင်ပို့ရောင်းချကြသည်။ မွေးမြူရေးထုတ်ကုန်၏ ဝင်ငွေသည်...