မော်စကို ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် လက်တုံ့ပြန်ဆောင်ရွက်မှုတစ်ခုအနေဖြင့် ရုရှားနိုင်ငံရှိ ဂျာမနီနိုင်ငံသံရုံးမှ ဝန်ထမ်းနှစ်ဦးအား နှင်ထုတ်ခြင်းကို ဒီဇင်ဘာ ၂၀ ရက်တွင် ကြေညာခဲ့သည်။ ဝန်ကြီးဌာနသည် ရုရှားနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ် Geza Andreas von Geyr အား ဆင့်ခေါ်ကာ သံရုံး၌ အလုပ်လုပ်ကိုင်နေသည့်...
ဖနွမ်းပင် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ သတ္တမအကြိမ် ဥပဒေပြုကောင်စီအတွက် ရွေးကောက်ပွဲသည် ရေရှည် ငြိမ်းချမ်းမှု ၊ နိုင်ငံရေးတည်ငြိမ်မှု ၊ ပိုမိုဖွံ့ဖြိုးတိုးတက်မှု နှင့် မြို့တော်သာယာဝပြောရေးတို့ကို ယူဆောင်လာမည် ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အဆင့်မြင့်အရာရှိတစ်ဦး နှင့် ပညာရှင်တစ်ဦးတို့က ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၁၉...
မနီလာ ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ပြီးခဲ့သည့်အပတ်က ဖိလစ်ပိုင်နိုင်ငံသို့ တိုက်ခတ်ခဲ့သော တိုက်ဖွန်းမုန်တိုင်း Rai ကြောင့် သေဆုံးသူအရေအတွက်သည် ၃၇၅ ဦးထိ မြင့်တက်လာခဲ့ကြောင်း ဒီဇင်ဘာ ၂၀ ရက်တွင် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြထားပြီး ၅၆ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြခဲ့သည်။...
လန်ဒန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) အင်္ဂလန်နိုင်ငံ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲဝင် ကလပ်အသင်း ၂၀ တွင် COVID-19 ရောဂါကူးစက်ခံရသူ အသစ် စုစုပေါင်း ၉၀ ဦးရှိကြောင်း ဒီဇင်ဘာ ၂၀ ရက်တွင်ထုတ်ပြန်ခဲ့ပြီး ရက်သတ္တပတ်တစ်ပတ်အတွင်း ယခင်က တင်ခဲ့သော အမြင့်ဆုံးကူးစက်မှုစံချိန်ထက် ၂ ဆကျော် ပိုမိုများပြားသည့်...
ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တိုက်ခတ်သည့် တိုင်ဖွန်းမုန်တိုင်း”Rai” ကြောင့် Boholပြည်နယ်တွင် ထိခိုက်ဆုံးရှုံးမှုများပြားခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၉ ရက်အထိ ယင်းပြည်နယ်တွင် သေဆုံးသူ ၇၂ ဦး ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ သေဆုံးသူဦးရေ ၁၄၂ ဦး ထိ မြင့်တက်ခဲ့သည်။
မနီလာ ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ ယခုအပတ်အစောပိုင်းတွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုက်ဖွန်းမုန်တိုင်း Rai ကြောင့် သေဆုံးသူအရေအတွက်သည် ၆၅ ဦးထက်မနည်း မြင့်တက်လာခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်းဆိပ်ကမ်းမြို့ ဖြစ်သည့် ကရာချီမြို့၌ ဒီဇင်ဘာ ၁၈ ရက်တွင် နှစ်ထပ်တိုက် အဆောက်အအုံတစ်ခု၏ မြေညီထပ်၌ ဖြစ်ပွားသော ပေါက်ကွဲမှုတစ်ခုအတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များ နှင့်...
ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်အစိုးရအကူအညီနှင့် China State Construction Co. Ltd မှတာဝန်ယူ တည်ဆောက်သည့် ကမ္ဘောဒီးယားအမျိုးသားအားကစားကွင်းကို ဒီဇင်ဘာ ၁၈ ရက်တွင် တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Wentian တို့...
မော်စကို ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် ပွင့်လင်းကောင်းကင်ယံ သဘောတူစာချုပ် (Treaty on Open Skies) မှ တရားဝင်နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) နျူကလီးယားမပြန့်ပွားရေးစာချုပ်(NPT) တွင် သြစတြေးလျနှင့် အမေရိကန်၊ ဗြိတိန်တို့ပူးပေါင်း၍ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ တည်ဆောက်ခြင်းကို တားမြစ်ထားခြင်း မရှိဟု အမေရိကန်၏ ပြောကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့သည် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု...