လန်ဒန် ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ လူနာသစ် ၄၀,၉၄၁ ဦးစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း ၉,၈၀၆,၀၃၄ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း တာဝန်ရှိသူများက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကိုင်ရို၊နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ယီမင်တွင် ဆော်ဒီဦးဆောင်သောနိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်၏ စစ်ဆင်ရေးကို တုံ့ပြန်သည့်အနေဖြင့် ဟူတီလက်နက်ကိုင်တပ်ဖွဲ့များက နိုဝင်ဘာ ၂၀ ရက်တွင် ဆော်ဒီပိုင်နက်အတွင်း ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် ဒရုန်းများအသုံးပြုပြီး တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဟူတီလက်နက်ကိုင်အဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ပေကျင်း၊နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) အမေရိကန်တွင် ထရပ်ကားယာဉ်မောင်းများ ပိုမို ရှားပါးလာခြင်းကြောင့် ယင်းလုပ်ငန်းခွင်တွင် ဝန်ထမ်းခေါ်ယူမှုပိုမိုများပြားလာသလို လစာများလည်း ဆက်တိုက် မြင့်တက်နေသောကြောင့် အမေရိကန်ပြည်သူများအကြား ကားမောင်းသင်ရန် စိတ်အားထက်သန် ရေပန်းစားလျက်ရှိကြောင်းသိရသည်။
ဘန်ကောက် ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံအစိုးရသည် တရုတ်နိုင်ငံ၏ ဟွာဝေး နည်းပညာကုမ္ပဏီနှင့်အတူ ၎င်း၏ ဒီဂျစ်တယ်နည်းပညာပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း ယခုရက်သတ္တပတ်တွင် ဘန်ကောက်မြို့၌ ကျင်းပသော cloud နည်းပညာပြပွဲတစ်ခုတွင် ထိုင်းအဆင့်မြင့်အရာရှိကြီးများက ပြောကြားခဲ့သည်။
အော့တဝါ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) Sinopharm ၊ Sinovac နှင့် COVAXIN ကာကွယ်ဆေးများဖြင့် အပြည့်အဝထိုးနှံထားသည့် ခရီးသွားများကို နိုဝင်ဘာ ၃၀ ရက်မှစ၍ ကနေဒါနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ကနေဒါအစိုးရက နိုဝင်ဘာ ၁၉ ရက်တွင် ကြေညာခဲ့သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီးလ်နာဒူပြည်နယ်တွင် နိုဝင်ဘာ ၁၉ ရက်က နံရံတစ်ခုပြိုကျပြီးနောက် ကလေးငယ် ၄ ဦး အပါအဝင် လူ ၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားသူအနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် အံ့အားသင့်ဖွယ် အပြောင်းအလဲအဖြစ် ယမန်နှစ်က အိန္ဒိယပါလီမန်က ခွင့်ပြုခဲ့သော လယ်ယာမြေဥပဒေ ၃ ခုကို ရုပ်သိမ်းလိုက်ကြောင်း ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက နိုဝင်ဘာ ၁၉ ရက်၌ ကြေညာခဲ့ကြောင်း သိရသည်။ “ဒီလကုန်မှာ ပြုလုပ်မယ့် လွှတ်တော်ရဲ့ ဆောင်းရာသီအစည်းအဝေးမှာ...
ဝါရှင်တန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒင်သည် ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြောက်အမေရိက ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး (Justin Trudeau ) နှင့် မက္ကဆီကိုသမ္မတ အန်ဒရက်စ်မန်နူရယ်လိုပက်ဇ် အိုဘရာဒေါ (Andres Manuel Lopez...
ကိုင်ရို၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisi နှင့် ဗြိတိန်တော်ဝင်မင်းသား ချားလ်စ် (Charles ) တို့သည် အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒကို တိုက်ဖျက်ရန် နည်းလမ်းများကိုနိုဝင်ဘာ ၁၈ ရက်တွင် ဆွေးနွေးခဲ့ကြကြောင်း သမ္မတရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အီဂျစ်သမ္မတ...
ကရာကက်စ်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံမှ တာဝန်ရှိသူများအား နောက်တစ်နှစ်အတွက် ပိတ်ဆို့အရေးယူမှုများ သက်တမ်းတိုးရန် ဥရောပသမဂ္ဂမှ ဆုံးဖြတ်ချက်အပေါ် ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး Felix Plasencia က ရှုတ်ချကြောင်း နိုဝင်ဘာ ၁၈ ရက်တွင်ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ လူတွေအပေါ် ဒီထိုးနှက်မှုအသစ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။...