ခါတွန် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံ စစ်ဦးစီးချုပ် Abdel Fattah Al-Burhan က နိုင်ငံအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကတိကဝတ်ပြုကြောင်း နိုဝင်ဘာ ၇ ရက်တွင် ထပ်လောင်းပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် ဆူဒန် TV က ထုတ်လွှင့်ခဲ့သည်။ အဆိုပါ ပြောကြားချက်သည် စစ်ဦးစီးချုပ်...
မော်စကို၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ပင်လယ်နက်တွင် အမေရိကန် စစ်တပ်၏ လှုပ်ရှားမှုတိုင်းကို ရုရှားစစ်တပ်က အနီးကပ်စောင့်ကြည့်နေကြောင်း၊ ရန်လိုရန်စသည့် မည်သည့်လှုပ်ရှားမှုမျိုးကိုမှ ဖြစ်ခွင့်ပေးမည်မဟုတ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးLarisa Shoygu က နိုဝင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ ဒေသတွင်းမဟုတ်သည့် နိုင်ငံကြီးတစ်နိုင်ငံမှ စစ်သင်္ဘောတစ်စီးသည် ပင်လယ်နက်ဆီသို့ ဦးတည်ရွေ့လျားလာကြောင်း၊...
ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အီရတ်နိုင်ငံဝန်ကြီးချုပ်မူစတာဖာအယ်လ်ခါဒီမီ(Mustafa al-Kadhimi) အား နိုဝင်ဘာ ၇ ရက်က လုပ်ကြံရန်ကြိုးပမ်းမှုကို ပြင်းထန်စွာရှုတ်ချလိုက်ကြောင်း သိရသည်။ ကုလသမဂ္ဂအကြီးအကဲ၏ထုတ်ပြန်ချက်ကို ၎င်း၏ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ထုတ်ပြန်ကြေညာပေးခဲ့ပြီး ယင်းပြစ်မှုကျူးလွန်ခဲ့သူများအား တာဝန်ခံမှုရှိရန်တောင်းဆိုခဲ့သည်။ထို့ပြင် အီရတ်ပြည်သူများအနေဖြင့် အီရတ်နိုင်ငံမတည်မငြိမ်ဖြစ်ရန်...
မက္ကဆီကိုစီးတီး ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းပြည်နယ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး လူ ၁၉ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရသွားကြောင်း မက္ကဆီကို ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဟနွိုင်း ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက တည်ဆောက်ပေးသော Cat Linh-Ha Dong မြို့ပတ်ရထားလမ်းစီမံကိန်းသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် စနေနေ့က တရားဝင်စတင်လည်ပတ်ခဲ့ပြီး ယင်းမှာ နိုင်ငံအတွင်း စီးပွားဖြစ် စတင်လည်ပတ်သည့် ပထမဆုံး မြို့ပတ်ရထားလမ်းစီမံကိန်းဖြစ်ကြောင်း သိရသည်။
ရှန်ဟိုင်း ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) အလေးချိန် ၃၅၃ ကီလိုဂရမ် ရှိသော မြေထဲပင်လယ် ဆူးတောင်ပြာ (Bluefin) တူနာငါးတစ်ကောင်ကို ရှန်ဟိုင်းမြို့၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ၏ အစားအစာ နှင့် လယ်ယာထွက်ကုန် ပြခန်းဧရိယာ၌ နိုဝင်ဘာ ၆ ရက်တွင် ပြသခဲ့ကြောင်းသိရသည်။
ဘဂ္ဂဒက် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံဝန်ကြီးချုပ် Mustafa al-Kadhimi ၏ နေအိမ်အား ပစ်မှတ်ထားသည့် ဒရုန်းတစ်စင်းဖြင့် လုပ်ကြံရန် ကြိုးပမ်းမှုတစ်ခုအတွင်း ဝန်ကြီးချုပ်သည် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း ဝန်ကြီးချုပ်ရုံးက ကြေညာချက်တွင် ဖော်ပြထားသည်။
ဟူစတန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် ဟူစတန်မြို့၌ နိုဝင်ဘာ ၅ ရက် ညပိုင်းက ကျင်းပပြုလုပ်သည့် Astroworld ဂီတဖျော်ဖြေပွဲတွင် လူအုပ်ပိမိမှုကြောင့် အနည်းဆုံး လူ ၈ ဦးသေဆုံးပြီး အခြား အမြောက်အမြားထိခိုက်ဒဏ်ရာရသွားကြောင်း ဟူစတန်မြို့တော်ဝန် Sylvester Turner က...
ထရီပိုလီ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံမှ နိုင်ဂျာနိုင်ငံသို့ ခိုလှုံခွင့်တောင်းခံသူ ၁၇၂ ဦးအား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ရွှေ့ပြောင်းပေးခဲ့ကြောင်း နိုဝင်ဘာ ၅ ရက်က ပြောကြားခဲ့သည်။
ကုလသမ္မဂ၊နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် က နိုဝင်ဘာ ၅ ရက် ကမ္ဘာ့ဆူနာမီအသိပညာပေးနေ့တွင် နိုင်ငံတကာ အသိုင်းအဝိုင်းအား ဆူနာမီ အန္တရာယ်ကို သတိပြုမိရန်နှင့် အန္တရာယ်များ လျှော့ချမှုဆိုင်ရာ ဆန်းသစ်သော နည်းလမ်းများ မျှဝေခဲ့သည်။