လီမာ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ပီရူးနိုင်ငံ မြောက်ပိုင်း La Libertad နယ်မြေရှိ လျှိုမြောင်တစ်ခုအတွင်းသို့ နိုဝင်ဘာ ၁၂ ရက်က ဘတ်စ်ကားတစ်စီး ပြုတ်ကျသွားခဲ့ရာ လူ ၁၉ ဦးထက်မနည်းသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပီရူး အမျိုးသား ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဘရာဇီးလီယာ ၊နိုဝင် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ၁၁ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတက်ရောက်ရန် နိုဝင်ဘာ ၁၂ ရက်တွင် ဘရာဇီးနိုင်ငံသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရီယာ့ဒ်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံတွင် ပြဇာတ်သရုပ်ဆောင် ၃ ဦး ဓားထိုးခံမှုနှင့်ဆက်နွယ်သည့် ယီမင်နိုင်ငံသားတစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ဆော်ဒီသတင်းအေဂျင်စီက နိုဝင်ဘာ ၁၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အေသင်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂရိနိုင်ငံ ဝန်ကြီးချုပ် ကီရီယာကိုစ် မစ်ဆိုတာ့ကစ် (Kyriakos Mitsotakis) တို့သည် နိုဝင်ဘာ ၁၁ ရက်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရ စီမံကိန်းတစ်ခုဖြစ်သော ပီရိရက်စ်ဆိပ်ကမ်း (Piraeus Port) သို့...
ကွာလာလမ်ပူ၊နိုဝင်ဘာလ ၁၂ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Zhongtong ဘတ်စ်ကားကုမ္ပဏီနှင့် မလေးရှားနိုင်ငံမှ Terus Maju Services(TMS) မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီတို့ က အာဆီယံဈေးကွက်အတွက်စွမ်းအင်သစ် ဘတ်စ်ကားများ တိုးတက်ဖွံ့ဖြိုးလာစေရန်သဘောတူညီချက်တစ်ရပ်ကို နိုဝင်ဘာလ ၁၁ ရက်ကလက် မှတ်ထိုးခဲ့ကြကြောင်းသိရသည်။
မက္ကဆီကိုစီးတီး၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံအစိုးရမှ နိုင်ငံရေးခိုလှုံခွင့်ကမ်းလှမ်းချက်အား သမ္မတရာထူးမှနှုတ်ထွက်ကြောင်းကြေညာခဲ့သည့် ဘိုလီးဗီးယားနိုင်ငံသမ္မတဟောင်း Evo Morales ကနိုဝင်ဘာ ၁၁ ရက် တွင် လက်ခံခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard ၏ ပြောကြားချက်အရသိရသည်။ (Xinhua)
ဆစ်ဒနီ ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) အလွန်ဆိုးရွားပြင်းထန်သော တောမီးများအကြီးအကျယ်လောင်ကျွမ်းနေမှုကြောင့် ဩစတြေးလျနိုင်ငံ၏ အကြီးဆုံး ဆစ်ဒနီမြို့အပါအဝင်နိုင်ငံ အရှေ့ပိုင်းနယူးဆောက်ဝေးပြည်နယ်ကို နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း သိရသည်။
ဒါကာ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော် ဒါကာမှ အရှေ့မြောက်ဘက် ၁၀၉ ကီလိုမီတာအကွာ၊ ဘရာမန်ဘာရီယာခရိုင်တွင် ခရီးသည်တင်ရထားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိသဖြင့် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဘန်ကောက် ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော လွိုင်ခရာသွန်း (Loy Krathong) မီးမျှောပွဲတော်ကို နိုဝင်ဘာ ၁၁ ရက် (တန်ဆောင်မုန်းလပြည့်) ညတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
ဗီယင်တိန်း၊နိုဝင်ဘာလ ၁၁ ရက်(ဆင်ဟွာ) လာအိုနိုင်ငံပိုင် Electricite du Laos(EDL) ကုမ္ပဏီက ကမ္ဘောဒီးယားနိုင်ငံသို့လျှပ်စစ်ဓါတ်အားများ ဖြန့်ဖြူးရန်အတွက် နှစ်နိုင်ငံနယ်စပ်တွင်ဓါတ်အားဖြန့်ဖြူးရေးလိုင်းများကို ဆောင်ရွက်မှုက ၈၀ ရာခိုင် နှုှုန်းကျော်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။