ဆိုးလ် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ၌ ဇူလိုင်လအတွင်း မိုဘိုင်းဖုန်းငွေပေးချေဝန်ဆောင်မှု အသုံးပြုသူအရေအတွက်မြင့်တက်ခဲ့ရာ ယင်းလတွင် စမတ်ဖုန်းဝယ်ယူ အသုံးပြုသူဦးရေ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ယနေ့သြဂုတ် ၄ ရက်တွင် ထုတ်ပြန်သည့် အစိုးရအစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းတည်ဆောက်ရန် ကာကွယ်ရေးဝန်ကြီးဌာနအား ခွင့်ပြုငွေ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ လမ်းကြောင်းလွှဲပြောင်း သုံးစွဲလိမ့်မည်ဖြစ်ကြောင်း အိမ်ဖြူတော်ဝန်ထမ်းများ နှင့် ဒီမိုကရက်တစ်များ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်မီဒီယာများက ဖော်ပြခဲ့သည်။
ဘန်ကောက် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံက အိမ်နီးချင်းမြန်မာနိုင်ငံအား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် နှင့် စစ်ဘက်ပညာရပ်ဆိုင်ရာကူညီရန် စက်တင်ဘာ ၃ ရက်တွင် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
ဖနွမ်းပင်၊ စက်တင်ဘာလ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အဆိုပြုထားသည့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) သည် ပါဝင်သည့်နိုင်ငံများ အားလုံးအပေါ် အကျိုးကျေးဇူးရှိစေမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် (Mahatir Mohamad) က စက်တင်ဘာလ ၂ ရက်တွင် ပြောကြားခဲ့သည်။
လောစ့်အိန်းဂျလိစ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတောင်ပိုင်း ဆန်တာခရုကျွန်း(Santa Cruz) ကမ်းလွန်၌ ရေငုပ်သမားများတင်ဆောင်လာသော မော်တော်ဘုတ်တစ်စင်း မီးလောင်မှုတွင် စက်တင်ဘာ ၃ ရက်အထိ ရုပ်အလောင်း ၂၅လောင်း ရှာဖွေတွေ့ရှိထားပြီး နောက်ထပ် ပျောက်ဆုံးနေသူ ၉ ဦးရှိသေးကြောင်း ဒေသတွင်း မီဒီယာက ယနေ့သတင်းများတွင်...
ဘေရွတ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ဟစ်ဇ်ဘိုလာခေါင်းဆောင် Sayyed Hassan Nasrallah က ၎င်း၏တပ်ဖွဲ့အနေဖြင့် အစ္စရေးမြောက်ပိုင်း၌ အစ္စရေးစစ်ကားတစ်စီးအား စက်တင်ဘာ ၁ ရက်တွင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးနောက် “ တိုက်ခိုက်မှုအစီအစဉ်သစ် စတင်တော့မည်” ဖြစ်ကြောင်း Al Manar ပြည်တွင်းရုပ်သံချန်နယ်က သတင်းဖော်ပြခဲ့သည်။
ကဘူးလ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ မြို ့တော် ကဘူးလ်၏ အရှေ့ဘက် အခြမ်းရှိ နိုင်ငံခြားသားများ လာရောက်လေ့ရှိသော ခြံဝင်း တစ်ခု အနီးတွင် စက်တင်ဘာ ၂ ရက်က ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ထိခိုက် သေဆုံးမှုများ ရှိနိုင်ကြောင်း...
ကိုပင်ဟေဂင် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) စက်တင်ဘာ ၂ ရက်က ဒိန်းမတ်နိုင်ငံ အလည်အပတ်ခရီးစဉ်အား ဖျက်သိမ်းခဲ့လင့်ကစား အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား ဒိန်းမတ်ပြည်သူရာပေါင်းများစွာသည် ယင်းနေ့တွင် စုဝေးဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
လော့စ်အိန်းဂျလိစ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း ဆန်တာခရုကျွန်း(Santa Cruz) ကျွန်း၌ ရေငုပ်သမားများအသုံးပြုသည့် မော်တော်ဘုတ်လှေတစ်စီး မီးလောင်မှုဖြစ်ပွားရာ လူ ၈ ဦးသေဆုံးခဲ့ကြောင်း အတည်ပြုထားပြီး ရုပ်အလောင်း ၄ လောင်းကို ရှာဖွေတွေ့ရှိထားကြောင်း အာဏာပိုင်များက စက်တင်ဘာ ၂ ရက်တွင်ပြောကြားခဲ့သည်။
တီဟီရန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) အီရန်နိုင်ငံရေတပ်က ဒုံးကျည်ပစ်လွှတ်နိုင်သော စစ်သင်္ဘောများ နှင့် စစ်ရဟတ်ယာဉ်များ ပါဝင်သော ရေတပ်စစ်ရေးလေ့ကျင့်မှုကို ယနေ့စက်တင်ဘာ ၂ ရက်တွင် ကက်စပီယန်ပင်လယ်၌ ဒုတိယနေ့အဖြစ် အဆက်လက်ပြုလုပ်လျက်ရှိကြောင်း Tasnim သတင်းအေဂျင်စီက ဆိုသည်။