တီဟီရန်၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) အီရန်နိုင်ငံအနေဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဟောမုဇ်(Hormuz)ရေလက်ကြား ငြိမ်းချမ်းရေး အဆိုပြုချက်ကို တင်သွင်းမည်ဖြစ်ပြီး ဒေသတွင်းဖြစ်ပွားသည့်ကိစ္စရပ်များတွင် အီရန်အပေါ် အပြစ်ဖို့နေခြင်းကို ဆန့်ကျင်ျကန့်ကွက်သွားမည်ဖြစ်ကြောင်း အီရန် သမ္မတ ရိုဟာနီက စက်တင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ကီးယက်ဗ်၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ Odessa Oblast ပြည်နယ်တွင် စက်တင်ဘာ ၂၁ ရက်က အသေးစားခရီးသည်တင်ယာဉ်တစ်စီးနှင့် ထရပ်ကားတစ်စီး တိုက်မိမှုဖြစ်ပွားရာ လူ ၉ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ကြောင်း ယူကရိန်း အရေးပေါ်အခြေအနေစီမံမှုဌာန၏ သတင်းများအရ သိရသည်။
ဂျာကာတာ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မာလူကူပြည်နယ် အနီး ပင်လယ်ပြင်တွင် စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်း က အင်အား ၆.၄ အဆင့် အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှားမိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပ အေဂျင်စီကွန်ရက် (BMKG)က ယင်းနေ့တွင် ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ် ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံမြောက်ပိုင်း Chilas ခရိုင်၌ ယနေ့(စက်တင်ဘာ- ၂၂ ရက်)နံနက်ပိုင်းတွင် ခရီးသည်တင်ဗန်ကား(van)တစ်စီးသည် တောင်ကမူတစ်ခုအား ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၂၆ ဦးသေဆုံးပြီး အခြား လူ ၁၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။
ဗွီးနီးယက်စ်၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) ၁၁ ကြိမ်မြောက် နိုင်ငံတကာ မီးပန်းအလှသရုပ်ပြပွဲအား လစ်သူယေးနီးယားနိုင်ငံ ဗွီးနီးယက်စ်မြို့တွင် စက်တင်ဘာ ၂၁ ရက်က ကျင်းပခဲ့သည်။
ပါရီ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) စက်တင်ဘာ ၂၁ ရက်၌ပြုလုပ်သည့် အဝါရောင် ရောင်ပြန်အကျီ ၤဝတ်ဆန္ဒပြလှုပ်ရှားမှု(Yellow vest)တွင် ဖမ်းဆီးထားသော အကြမ်းဖက်ဆန္ဒပြသူ အရေအတွက်မှာ ၁၆၄ ဦး ရှိပြီဖြစ်ကြောင်း ပြင်သစ်နိုင်ငံ ပါရီမြို့ ရဲတပ်ဖွဲ့က ယင်းနေ့တွင် ကြေညာခဲ့သည်။ ပါရီမြို့ ဥပဒေရုံးက အချင်းဖြစ်ညတွင် ဖမ်းဆီးထားသူများအနက်...
ဖနွမ်းပင်၊ စက်တင်ဘာလ ၂၀ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားအစိုးရက နိုင်ငံ၏ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် အထည်ချုပ်နှင့်ဖိနပ်လုပ် ငန်းစက်ရုံများတွင် အလုပ်သမားများ၏ လစဉ်အနိမ့်ဆုံးလစာကို လက်ရှိ ၁၈၂ ဒေါ်လာမှ ၄ ဒသမ ၃၉ ရာခိုင်နှုန်း တိုးမြှင့်ကာဒေါ်လာ ၁၉၀ သို့သတ်မှတ်လိုက်ကြောင်းအလုပ်သမားဌာနဝန်ကြီး ဆမ်ဟန် က စက်တင်ဘာလ ၂၀...
ဘာလင်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အစိုးရက ၂၀၃၀ ခုနှစ်အတွက် နိုင်ငံ၏ ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များ ချမှတ်ရာတွင် အောင်မြင်မှုရှိစေရန် “ခိုင်လုံသော လုပ်ဆောင်မှုများ” အား စက်တင်ဘာလ ၂၀ ရက်တွင် သဘောတူလိုက်ကြောင်း တရားဝင် ဝက်ဘ်ဆိုက်တွင် ကြေညာထားချက်အရ သိရသည်။
အန်ကာရာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတွင် လူ ၁၄ ဦးအား အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်မှုများ ရှိသည့်အတွက် စက်တင်ဘာလ ၂၀ ရက်တွင် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ကြောင်း နိုင်ငံပိုင် Anadolu အေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ အစိုးရ က စက်တင်ဘာ ၂၀ ရက် ၌ အီရန် နိုင်ငံ ဗဟိုဘဏ် အပါအဝင် အဖွဲ့အစည်း ၃ ခု အား အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်မည် ဖြစ်ကြောင်း...