အစ္စလာမာဘတ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့ရှိ ရေခဲစက်ရုံတစ်ခုတွင် ဒီဇင်ဘာ၂၂ ရက်က ဘွိုင်လာအိုးတစ်လုံးပေါက်ကွဲခဲ့ရာတွင် လူ ၈ ဦး သေဆုံးပြီး အခြားသူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။
ဘန်ကောက်၊ဒီဇင်ဘာ၂၃ရက် (ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ထိုင်းနိုင်ငံ စမွတ်စခွန်းပြည်နယ်(Samut Sakhon) တွင် မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်ခဲ့ရာ ပြန့်နှံ့ကူးစက်လာမည်ကို စိုးရိမ်သဖြင့် နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပရန် စီစဉ်ထားမှုများကို ပယ်ဖျက်လိုက်ကြောင်း ထိုင်းနိုင်ငံ ပတ္တယားမြို့ အာဏာပိုင်များက ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် ၏ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် COVID-19 ရောဂါဆိုင်ရာ နောက်ဆုံး စာရင်းပြုစုချက်အရ နိုင်ငံအတွင်း ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၈ သန်းကျော် အထိ ရောက်ရှိလာကြောင်း...
ရီယာ ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ဆော်ဒီအာရေဗျနိုင်ငံ နှင့် တရုတ်နိုင်ငံ Huawei ကုမ္ပဏီ တို့သည် လတ်တလောရက်ပိုင်းအတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားမည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြပြီး ရည်ရွယ်ချက်အနေဖြင့် ဆော်ဒီအာရေဗျ နိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ၊ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးဆိုင်ရာ...
မနီလာ၊ဒီဇင်ဘာ၂၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဖိလစ်ပိုင်နိုင်ငံ နေရာအနှံ့အပြားတွင် ပြီးခဲ့သော ရက်သတ္တပတ်ကုန်ပိုင်းက တိုက်ခတ်ခဲ့သည့် အပူပိုင်းလေဖိအားနည်းရပ်ဝန်းကြောင့် ရေကြီးရေလျှံမှုများ နှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၈ ဦးသေဆုံးပြီး အခြား နှစ်ဦးထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း အာဏာပိုင်များက ယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဒါကာ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်မြောက်ပိုင်း Joypurhat ဒေသတွင် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက ရထားနှင့် ခရီးသည်တင်ယာဉ် တိုက်မိမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးရှိ စမွတ်စခွန်းပြည်နယ် (Samut Sakhon)၌ COVID-19 ကပ်ရောဂါတစ်ကျော့ပြန် မြင့်တက်လာပြီး လက်ရှိတွင် လူပေါင်း ၅၄၈ ဦးထိ ရောဂါကူးစက်ခံထားရသဖြင့် ဒီဇင်ဘာ ၁၉ ရက်မှ စတင်ကာ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ပဲရစ် ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ပြင်သစ်နိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁၅,၆၇၄ ဦးရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၂,၄၄၂,၉၉၀ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၆၁၀...
ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အမေရိကန်နိုင်ငံ သမ္မတသစ်အဖြစ်ရွေးချယ်ခံရသည့် ဂျိုးဘိုင်ဒန် က ဒီဇင်ဘာ ၁၇ ရက်၌ ပထမအကြိမ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရင်ဆိုင်ဖြေရှင်းရေးအစိုးရ အဖွဲ့၏ အဓိက အဖွဲ့ဝင် လူစာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။
ဟာဗားနား ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ကျူးဘားနိုင်ငံ သမ္မတ Miguel Díaz-Canel က အမေရိကန်နိုင်ငံ ဒေါ်နယ်ထရမ့် အစိုးရ အနေဖြင့် လတ်တလောနှစ်ပိုင်း အတွင်း ကျူးဘားနိုင်ငံတွင်း နိုင်ငံရေးအခွင့်အာဏာ တော်လှန်ရေး တစ်ရပ်ဖြစ်ပေါ်လာအောင် ကြံစည်လုပ်ကိုင်ခဲ့ပြီး ကျူးဘားနိုင်ငံမှ နောက်ဆုတ်ပေးမှုများ ပြုလုပ်ပေးရသည့်...