မော်စကို ၊ မေ ၅ ရက်(ဆင်ဟွာ) ယူကရိန်းစစ်တပ်၏ လိုအပ်ချက်များအတွက် လက်နက်များ သို့မဟုတ် ပစ္စည်းများနှင့်အတူ ယူကရိန်းနိုင်ငံသို့ ရောက်ရှိနေသည့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)၏ မည်သည့်ယာဉ်မျိုးကိုမဆို “အဖျက်အဆီးအတွက် တရားဝင်ပစ်မှတ်တစ်ခု”အဖြစ် ရုရှားနိုင်ငံက ယူဆသဘောထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က မေ ၄ ရက်တွင်...
ဝါရှင်တန် ၊ မေ ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်သည် မေ ၄ ရက်က COVID-19 စစ်ဆေးရာတွင် ရောဂါကူးစက်ခံထားရသည်ကိုစစ်ဆေးတွေ့ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဘလင်ကန်သည် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက PCR စစ်ဆေးမှုတစ်ခုခံယူရာတွင် ကူးစက်ခံထားရသည့် positive ရလဒ်အဖြေထွက်ပေါ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ Ned Price ၏...
မော်စကို ၊ မေ ၅ ရက် (ဆင်ဟွာ) နျူကလီးယားစစ်ပွဲတစ်ခု၏ အဆုံးစွန်ဆုံးဆီသို့ ဦးတည်နေချိန်မျိုးတွင် မဟာဗျူဟာမြောက် ကွပ်ကဲမှု အမိန့်ပေးဌာနအဖြစ် အသုံးပြုမည့် ရုရှားနိုင်ငံ၏ ကမ္ဘာပျက်နေ့လေယာဉ်ကြီး(doomsday plane) ဟုအမည်ပေးထားသော Il-80 လေယာဉ်ကြီးသည် ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့(V-day) အကြိုစစ်ရေးပြလေ့ကျင့်မှုတစ်ခုတွင် ပါဝင် ပျံသန်းခဲ့ကြောင်း သိရသည်။...
ဗီယင်ကျန်း ၊ မေ ၄ ရက်(ဆင်ဟွာ) လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့ နှင့် Luang Namtha ပြည်နယ်တို့အကြား ကုန်စည်ပို့ဆောင်ရေးဘူတာရုံ ၇ ခုဖွင့်လှစ်ပြီးနောက် ဧပြီ ၂၅ ရက်အထိ တရုတ်-လာအို ရထားလမ်းသည် ကုန်စည်တန်ချိန် ၄၄၀,၀၀၀ တန်ကျော် သယ်ဆောင်ခဲ့ကြောင်း သိရသည်။
ဗျူနိုအေးရိစ်၊ မေ ၄ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး၌ တရုတ်ကာကွယ်ဆေးများ၏ အခန်းကဏ္ဍကို အာဂျင်တီးနား ကျန်းမာရေးဝန်ကြီး Carla Vizzotti က မေ ၃ ရက်တွင် ချီးကျူးပြောကြားခဲ့ကြောင်း သိရသည်။
မော်စကို/ကိဗ်၊ မေ ၄ ရက် (ဆင်ဟွာ) ရုရှားတပ်ဖွဲ့ဝင်များက ယူကရိန်းနိုင်ငံ တောင်ပိုင်း မာရီယူပိုးလ်ဆိပ်ကမ်းမြို့ရှိ Azovstal သံမဏိစက်ရုံ၌ ယူကရိန်း စစ်တပ် ထိန်းချုပ်ထားသောနေရာများအား တိုက်ခိုက်လျက်ရှိကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက မေ ၃ ရက်က ပြောကြားခဲ့သည်။
ဝါရှင်တန်၊ မေ ၄ ရက် (ဆင်ဟွာ) ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားစဉ်အတွင်း ရုရှားမှ ယူကရိန်းပြဿနာအပေါ် “ဝါဒဖြန့်မှု၊ လျှို့ဝှက်ပူးပေါင်းကြံစည်မှုသီအိုရီနှင့် သတင်းအတုအယောင်” များကို တရုတ်အရာရှိနှင့် မီဒီယာများက ချဲ့ကားဖော်ပြနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းမှတ်ချက်ပြုမှုအပေါ် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက မေ...
ပေကျင်း၊ မေ ၄ ရက်(ဆင်ဟွာ) အချို့သောနိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း၏ ချစ်ကြည်ရင်းနှီးမှုမရှိသော လုပ်ဆောင်ချက်များအပေါ် လက်တုန့်ပြန်မည့် အထူး စီပွားရေးအမိန့်ကြေညာချက်တစ်ရပ်ကို ရုရှား သမ္မတ ပူတင်က မေ ၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။
ဆိုးလ်/တိုကျို ၊ မေ ၄ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) သည် ၎င်း၏ အရှေ့ပင်လယ်ပြင်သို့ ဦးတည်၍ ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသော ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ဂျပန်နိုင်ငံအစိုးရက ယနေ့ မေ ၄ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ မေ ၄ ရက်(ဆင်ဟွာ) ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ၎င်းတို့၏ “ ချစ်ကြည်ရင်းနှီးမှုမရှိသော အပြုအမူများ”ကို လက်တုံ့ပြန်သည့်အနေဖြင့် အဆိုပါ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ နှင့် အဖွဲ့အစည်းများအား လက်တုံ့ပြန်ဒဏ်ခတ်အရေးယူပိတ်ဆို့မှုဆိုင်ရာ အမိန့်ဒီဂရီတစ်ရပ်ကို ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က မေ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။