ဝါရှင်တန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ပုံမှန်ကုန်သွယ်မှုဆက်ဆံရေးအား ဆိုင်းငံ့ရေးအတွက် အမေရိကန်အောက်လွှတ်တော် ကိုယ်စားလှယ်များက မတ် ၁၇ ရက်တွင် မဲပေးဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်အစိုးရက ရုရှားကုန်စည်များအပေါ် စည်းကြပ်ခွန်အား ပိုမိုမြင့်မားစွာ သတ်မှတ်နိုင်ရန် လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဒပ်ဗလင်၊ မတ် ၁၈ ရက် (ဆင်ဟွာ) အိုင်ယာလန်ဝန်ကြီးချုပ် Micheal Martin သည် အမေရိကန်သို့ အလည်အပတ်ရောက်ရှိစဉ်အတွင်း COVID-19 ရောဂါပိုးတွေ့စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက မတ် ၁၇ ရက်တွင် ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။
နယူးယောက်၊ မတ် ၁၈ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ သမ္မတ အာဒိုဂန်က မတ် ၁၇ ရက်တွင် ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ရာ ပူတင်နှင့် ယူကရိန်းသမ္မတ ဇယ်လန်းစကီးတို့ တူရကီ၌ တွေ့ဆုံဆွေးနွေးကြရန် ထပ်မံအဆိုပြုခဲ့သည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ယူကရိန်း-ရုရှား ခေါင်းဆောင်များ...
နယူးယောက်၊ မတ် ၁၇ ရက် (ဆင်ဟွာ) အနောက်နိုင်ငံများက ရုရှားအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများသည် ကမ္ဘာ့စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း ရုရှားသမ္မတ ဗလာတီမာပူတင်က မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းနှင့် ရုရှားခေါင်းဆောင်များက လာမည့်ရက်များတွင် အပစ်ခတ်ရပ်ဆိုင်းရေးစာချုပ်နှင့် ပတ်သက်၍ တိုက်ရိုက်ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း ယူကရိန်းညှိနှိုင်းရေးကိုယ်စားလှယ်နှင့် သမ္မတအကြံပေး...
ဝါရှင်တန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက လက်ရှိလုပ်ဆောင်လျက်ရှိသော စစ်ဆင်ရေးအား ယူကရိန်းနိုင်ငံအနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ရာတွင် အမေရိကန်နိုင်ငံက အကူအညီများ တိုးမြှင့် ပံ့ပိုးပေးရန်အတွက် ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က မတ် ၁၆ ရက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။ အမေရိကန်လွှတ်တော်သို့...
တိုကျို၊ မတ် ၁၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် မတ် ၁၆ ရက်ညပိုင်းက အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် လူ ၂ ဦး သေဆုံးကာ အခြား ၉၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် မီးသတ် အာဏာပိုင်များက မတ် ၁၇ ရက်၌ ပြောကြားခဲ့သည်။...
ကိဗ် ၊ မတ် ၁၇ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံသမ္မတဇယ်လန်းစကီး နှင့် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်တို့ သည် လာမည့်ရက်များတွင် ဆွေးနွေးဖွယ်ရှိကြောင်း ယူကရိန်းသမ္မတအကြံပေး Mykhailo Podolyak ၏ ပြောကြားချက်ကို ကိုးကား၍ ယူကရိန်းနိုင်ငံပိုင် Ukrinform သတင်းအေဂျင်စီက မတ် ၁၆ ရက်၌ သတင်းဖော်ပြခဲ့သည်။
ကိုလံဘို ၊ မတ် ၁၆ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၏ ဓာတ်ငွေ့ကုမ္ပဏီ နှစ်ခုဖြစ်သော Litro Gas နှင့် Laugfs Gas တို့သည် ဓာတ်ငွေ့ပေးပို့မှုများ မရရှိသည့်အတွက်ကြောင့် ထုတ်လုပ်မှု နှင့် ဖြန့်ဖြူးမှုများ ရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်း မတ် ၁၆ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း ၊ မတ် ၁၆ ရက် (ဆင်ဟွာ) ယူကရိန်းနှင့် ရုရှားအကြား ဆွေးနွေးမှုများကို မတ် ၁၆ ရက်တွင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယူကရိန်း ညှိနှိုင်းရေးကိုယ်စားလှယ် Podoljak က မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ မတ် ၁၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ယူကရိန်းနိုင်ငံရှိ အမေရိကန်နိုင်ငံက ငွေကြေးထောက်ပံ့ပေးထားသည့် ဇီဝဗေဒဆိုင်ရာဓာတ်ခွဲခန်းများသည် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသည့်အတွက် စိစစ်ရေး ယန္တရားတစ်ခု ထူထောင်ရေးမှာ အရေးကြီးကြောင်း မတ် ၁၅ ရက်တွင် အလေးအနက်ပြောကြားခဲ့သည်။