ကုလသမဂ္ဂ ၊ မတ် ၇ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့ရှိ ဗလီတစ်ခုအတွင်း မတ် ၄ ရက်က ဖြစ်ပွားခဲ့သည့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသော အကြမ်းဖက်တိုက်ခိုက်မှုအား ကုလသမဂ္ဂလုံခြုံရေးကောင်စီက မတ် ၆ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်ကြောင်း သိရသည်။ သတင်းထုတ်ပြန်ချက်တွင် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက မတ် ၄ ရက်(သောကြာနေ့)တွင်...
ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ) ယူကရိန်းဘက်က တိုက်ခိုက်မှုများ ရပ်တန့်ပြီး ရုရှား၏တောင်းဆိုချက်ကို ဖြည့်ဆည်းမှသာ အထူးစစ်ဆင်ရေးလှုပ်ရှားမှု ယာယီရပ်တန့်နိုင်မည် ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်အစိုးရက ယူကရိန်း လုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့်စီးပွားရေးအကူအညီများကို အားဖြည့်ဆောင်ရွက်နေကြောင်း အမေရိကန်...
ဒမတ်စကက်စ် ၊ မတ် ၇ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အလယ်ပိုင်း Homs ပြည်နယ်၏ ကျေးလက်ဒေသ၌ မတ် ၆ ရက်တွင် စစ်သားများလိုက်ပါစီးနင်းလာသည့် ဘတ်စ်ကား ချောင်းမြောင်းတိုက်ခိုက်ခံရမှုအတွင်း စစ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် SANA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ သေဆုံးသွားခဲ့သည့် စစ်သားများထဲတွင်...
ကိုင်ရို ၊ မတ် ၇ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အီဂျစ်နိုင်ငံတော်ကောင်စီရုံး၌ အမျိုးသမီးတရားသူကြီး ၁၀၀ နီးပါးကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း အီဂျစ်တရားစီရင်ရေးအဖွဲ့က မတ် ၆ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ နိုင်ငံတော်ကော်မရှင်နာအာဏာပိုင်အဖွဲ့၏ လုပ်ငန်းခွင်များတွင် တာဝန်ထမ်းဆောင်ရန် ပြီးခဲ့သော နှစ်က သမ္မတအမိန့်ဒီဂရီတစ်ရပ်ဖြင့် ခန့်အပ်ခြင်းခံရသည့်...
အန်ကာရာ ၊ မော်စကို ၊ မတ် ၆ ရက်(ဆင်ဟွာ) တူရကီနိုင်ငံသမ္မတ အာဒိုဂန် နှင့် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်တို့သည် ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ မတ် ၆ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှု အခက်အခဲလျော့ပါးစေရန်အတွက် အထွေထွေအပစ်အခတ်ရပ်စဲရေးတစ်ခု ချက်ချင်းဖော်ဆောင်ရန် နှင့် အရေးပေါ် နိုင်ငံရေးညှိနှိုင်းအဖြေရှာမှုတစ်ခုကို...
ကိုလံဘို ၊ မတ် ၆ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ဖြင့် မှတ်ပုံတင်ထားသည့် ဒီဇယ်မော်တော်ယာဉ်များအား နိုင်ငံပိုင်ဘတ်စ်ကားဝင်းများ၌ လောင်စာဆီအား ဦးစားပေးအသုံးပြုခွင့်ပေးသွားမည် ဖြစ်ကြောင်း သီရိလင်္ကာ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက မတ် ၆ ရက်တွင် ကြေညာခဲ့သည်။ ယင်းအစီအစဉ်အတွက် အခွင့်ရှိသော မော်တော်ယာဉ်များအား အထောက်အထားစတစ်ကာ တစ်ခု ပေးသွားမည်ဟု...
ပြုံယမ်း ၊ မတ် ၆ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) က မတ် ၅ ရက်တွင် ” စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးဂြိုဟ်တု” တစ်စင်းကို စမ်းသပ်လွှတ်တင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် (KCNA) သတင်းဌာနက ယနေ့ မတ် ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါစမ်းသပ်မှုကို အမျိုးသားအာကာသဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှုဌာန(NADA) နှင့် ကာကွယ်ရေးသိပ္ပံအကယ်ဒမီက...
ကိဗ် ၊ မတ် ၆ ရက် (ဆင်ဟွာ) ယူကရိန်း နှင့် ရုရှားတို့၏ နောက်တစ်ကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုကို မတ် ၇ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ယူကရိန်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ဝင် David Arakhamia က မတ် ၅ ရက်တွင် ပြောကြားခဲ့သည်။ “တတိယအကြိမ်...
မော်စကို ၊ မတ် ၆ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ၏ စစ်လက်နက်သိုလှောင်ရုံများ ၊ ခဲယမ်းမီးကျောက်များ ၊ လေကြောင်းပို့ဆောင်ရေး နှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များအပါအဝင် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦများအား ချေမှုန်းဖျက်ဆီးသည့် ရုရှားနိုင်ငံကပြုလုပ်လျက်ရှိသော စစ်ဆင်ရေးလုပ်ငန်းစဉ်မှာ “ လုံးဝပြီးစီးလုနီးပါး” ဖြစ်ပြီဟု သမ္မတပူတင်က မတ် ၅ ရက်တွင်ပြောကြားလိုက်သည်။
မော်စကို၊ မတ် ၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ တပ်ဖွဲ့များက ယူကရိန်းနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု စင်္ကြံများမှတစ်ဆင့် အရပ်သားများအား ဘေးလွတ်ရာရွှေ့ပြောင်းရေး အဆင်ပြေချောမွေ့စေရန် မတ် ၅ ရက် မော်စကိုစံတော်ချိန် နံနက် ၁၀:၀၀ နာရီမှစတင်၍ အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။