ပေကျင်း ၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ) အောက်ပါအချက်များသည် ရုရှား နှင့် ယူကရိန်းအကြား ပဋိပက္ခဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများဖြစ်သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် ယူကရိန်းနိုင်ငံသို့ ဧပြီ ၂၇ ရက်တွင် ရောက်ရှိလာခဲ့သည်။ “ ရုရှားနိုင်ငံဆီသွားရောက်လည်ပတ်ပြီးနောက်မှတော့ ကျွန်တော်ဟာ ယူကရိန်းနိုင်ငံကို ရောက်ရှိလို့နေပါပြီ” ဟုဂူတာရက်စ်က တွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။ ကုလသမဂ္ဂအနေဖြင့်...
ပေကျင်း ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ ဧပြီ ၂၆ ရက်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကို အလွန်ဆိုးယုတ်သော လုပ်ရပ်တစ်ခုအဖြစ် ထုတ်ဖော်ပြောဆိုခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ပြစ်မှုကျူးလွန်သူများအား ရှာဖွေနှိမ်နှင်းရန် ပါကစ္စတန်နိုင်ငံနှင့်အတူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၊ ပြစ်မှုကျူးလွန်သူများအား...
ဘရပ်ဆဲလ်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂ (EU) အနေဖြင့် အဖွဲ့ဝင်နိုင်ငံများထံ ရုရှားနိုင်ငံက ဓာတ်ငွေ့တင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်းကို ရင်ဆိုင်ရန် အသင့်ရှိကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ဧပြီ ၂၇ ရက်က ပြောကြားခဲ့သည်။ ရုရှား...
ဒမတ်စကပ်စ် ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်အနီးတစ်ဝိုက်ဒေသကို အစ္စရေးက ဧပြီ ၂၇ ရက်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဆီးရီးယားစစ်သား ၄ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိကြောင်း ဆီးရီးယားစစ်တပ်က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဧပြီ ၂၇ ရက်...
မော်စကို၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ) ယူကရိန်း အထူးစစ်ရေးလှုပ်ရှားမှုကို ပြင်ပမှ စွက်ဖက်ရန် ကြိုးပမ်းပြီး ရုရှားအတွက် လက်မခံနိုင်စရာ မဟာဗျူဟာခြိမ်းခြောက်မှု ဖြစ်လာမည်ဆိုပါက ရုရှားအနေဖြင့် လျှပ်တစ်ပြက် လျင်မြန်စွာ တုန့်ပြန်တိုက်ခိုက်သွားမည်ဟု ရုရှားသမ္မတ ပူတင်က ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော်ဝက်ဘ်ဆိုက်၏ သတင်းများအရ သိရသည်။...
ကိုလံဘို၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa က လွှတ်တော်တွင် ကိုယ်စားပြုထားသော နိုင်ငံရေးပါတီများဖြင့် ပါတီအားလုံးပါဝင်သောအစိုးရတစ်ရပ် ဖွဲ့စည်းရန် အခြေခံအရဆန္ဒရှိကြောင်း အစိုးရနှင့် ပေါင်းစည်းထားသည့် နိုင်ငံရေးပါတီခေါင်းဆောင်များအား ဧပြီ ၂၇ ရက်၌ ပြောကြားခဲ့သည်။
မနီလာ ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte)က လာမည့်လတွင် ကျင်းပပြုလုပ်မည့် အမေရိကန်နိုင်ငံ နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)တို့အကြား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်၏ ဖိတ်ကြားချက်အား ငြင်းဆိုခဲ့ကြောင်း သိရသည်။
မော်စကို၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်သည် အလည်အပတ်ရောက်ရှိနေသော ကုလသမဂ္ဂ (UN) အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် ယူကရိန်းနိုင်ငံ အရေးဆွေးနွေးရန် ကရင်မလင်နန်းတော်၌ ဧပြီ ၂၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဘာလင်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ဂျာမနီသည် ယူကရိန်းအား “Gepard” လေကြောင်းကာကွယ်ရေးတင့်ကားများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး Lambrecht က ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) တရုတ်လူမျိုးများ၏ သွေးကို အလဟဿ မြေကျမခံနိုင်ကြောင်း နှင့် ယင်းတိုက်ခိုက်မှုနောက်ကွယ်တွင် ပါဝင်နေသူများအနေဖြင့် တန်ဖိုးကြီးကြီးမားမားပြန်လည်ပေးဆပ်ရမည်မှာ ဧကန်မုချဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ တရုတ်နိုင်ငံသားများ အကြမ်းဖက်တိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍ ယနေ့ ဧပြီ ၂၇ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မှတ်ချက်ပြုပြောကြားခဲ့သည်။