စထရာ့စ်ဘော့ဂ်၊ ဇူလိုင်လ ၁၇ ရက်(ဆင်ဟွာ) ဥရောပကော်မရှင်၏ လာမည့်ဥက္ကဋ္ဌအဖြစ် ဂျာမနီနိုင်ငံမှ မစ္စက်အာဆူလာ ဗွန်ဒါလီယင်(Ursula von der Leyen) အားဥရောပပါလီမန်က ဇူလိုင်လ ၁၆ ရက်တွင်မဲအများစုထက်အနည်းငယ်အသာဖြင့်ရွေး ချယ်ခဲ့ကြောင်းသိရသည်။ မစ္စက်အာဆူလာ က ဥရောပကော်မရှင်၏ ပထမဆုံးသောအမျိုးသမီးဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံခဲ့ရခြင်းလည်းဖြစ်ပြီး လိုအပ်သောမဲအများစုထက်အနည်းငယ်အသာဖြင့်သာ ရွေးချယ် နိုင်ခဲ့ခြင်းက ကမ္ဘာ့အကြီးမားဆုံးသောကုန်သွယ်ရေးအုပ်စုဖြစ်သည့်...
ဝါရှင်တန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ခရစ္စတင်း လာဂါဒီ (Christine Lagarde) က နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရှိ ၎င်း၏ရာထူးမှနုတ်ထွက်ကြောင်း ကြေညာပြီးနောက် နောက်ထပ် မန်နေဂျင်းဒါရိုက်တာအသစ် ရွေးချယ်ခြင်းလုပ်ငန်း စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ၎င်း၏နုတ်ထွက်စာမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်တွင် အသက်ဝင်မည်ဖြစ်ကြောင်း...
မွမ်ဘိုင်း ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) ဇူလိုင် ၁၆ ရက်က အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ လေးထပ် အဆောက်အအုံတစ်လုံးပြိုကျမှုတွင် သေဆုံးသူ ၇ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ၊ လက်ရှိတွင် လူ ၈ ဦးကို ကယ်ထုတ်ပြီး ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း နှင့် အပျက်အစီးပုံအတွင်း လူပေါင်း...
အဘူဂျာ ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယား အစိုးရ အရာရှိ တစ်ဦး ၏ ပြောကြားချက် အရ နိုင်ငံ အလယ်ပိုင်း Plateau ပြည်နယ် တွင် ဇူလိုင် ၁၅ ရက် ၌ အဆောက်အဦ ပြိုကျမှု ဖြစ်ပွား ခဲ့ရာ...
ပေကျင်း၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) အမေရိကန်က ပိတ်ဆို့မှုများကို ဖျက်သိမ်း၍ အီရန်နျူကလီးယား သဘောတူညီချက်တွင် ပြန်လည်ပါဝင်မည်ဆိုပါက အီရန်အနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားလိုကြောင်း အီရန် သမ္မတ ရိုဟာနီက ဇူလိုင် ၁၄ ရက်တွင် ရုပ်မြင်သံကြားမှ တစ်ဆင့်ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာ...
မွမ်ဘိုင်း ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ ယနေ့ဇူလိုင် ၁၆ ရက်တွင် လေးထပ် အဆောက်အအုံတစ်လုံးပြိုကျမှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူပေါင်း ၅ဝ ကျော် အပျက်အစီးပုံအတွင်း ပိတ်မိနေကြောင်း BrihanMumbai မြူနီစီပယ်ကော်ပိုရေးရှင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
လန်ဒန်၊ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) လေ့လာတွေ့ရှိချက်အသစ်များအရ ဗြိတိန်နိုင်ငံမြို့တော် လန်ဒန်မြို့တွင်အကြမ်းဖက်မှုနှင့်လူမှုမညီမျှမှု တို့အကြား ဆက်စပ်မှုတစ်ရပ်ကိုတွေ့ရှိခဲ့ရကြောင်း လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်း က ဇူလိုင်လ ၁၅ ရက်တွင်ပြောကြားခဲ့ကြောင်းသိရသည်။ခန်း ကမြို့တော်ခန်းမတွင်ပြုလုပ်ခဲ့သော အဓိကလေ့လာဆန်း စစ်မှု ကောက်ချက်ချအခမ်းအနားတစ်ရပ်တွင် ဆင်းရဲမွဲတေမှု က ရာဇဝတ်မှုများပြားထူပြောရခြင်း၏ အဓိကအကြောင်းရင်းအဖြစ်ပြောကြားသွားခဲ့ကြောင်းလည်းသိရသည်။
မနီလာ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း တိုးပွားလာကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။ ယခုနှစ်တွင် ဖိလစ်ပိုင်၌ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ အနည်းဆုံး ၄၅၀ ရှိကြောင်း ဒေသခံမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။
နယူးဒေလီ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ်ပရာဒက်ရ်ှ(Himachal Pradesh)ပြည်နယ် ဆိုလန်(Solan)ဒေသ၌ ဇူလိုင် ၁၄ ရက်က ဖြစ်ပွားသော အဆောက်အဦပြိုကျမှုတွင် သေဆုံးသူဦးရေသည် ၁၄ ဦး အထိ မြင့်တက်လာပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
အစ္စတန်ဘူလ် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) တူရကီ နိုင်ငံ သမ္မတ တေရဖ် အာဒိုဂန်(Tayyip Erdogan)က ရုရှား၏ S-400 လေကြောင်းရန် ကာကွယ်ရေး စနစ်အား ၂၀၂၀ ခုနှစ် ဧပြီလတွင် အလုံးစုံ တပ်ဆင်သွားမည် ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။