Connect with us

Europe

ဗြိတိန်အိမ်ရှေ့စံမင်းသားချားလ်စ် ဒုတိယအကြိမ် COVID-19 ရောဂါကူးစက်ခံရပြီးနောက် သီးခြားခွဲနေထိုင်လျက်ရှိ

ဂျာမနီနိုင်ငံ ဘာလင်မြို့တော်သို့ ၂၀၁၉ ခုနှစ် မေ ၇ရက်က ရောက်ရှိလာသော ဗြိတိန်နိုင်ငံ အိမ်ရှေ့စံမင်းသားကြီး ချားလ်စ်အား တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားကြီး ချားလ်စ်သည် COVID-19 ရောဂါ စစ်ဆေးရာတွင် positive ရလဒ်ထွက်ပေါ်ခဲ့ကြောင်း နှင့် ယခုအခါ တစ်ဦးထဲသီးခြားခွဲနေထိုင်လျက်ရှိကြောင်း မင်းသားချားလ်စ်နှင့်၎င်း၏ကြင်ယာတော်ကမ်မီလာတို့ တရားဝင်အသုံးပြုသော တွစ်တာလူမှုကွန်ရက်မှတဆင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် အိမ်တော်ထိန်းက ပြောကြားခဲ့သည်။

ဗြိတိန်အိမ်ရှေ့စံမင်းသားချားလ်စ်နှင့်ကြင်ယာတော်ကမ်မီလာ တို့ ဂျော်ဒန်နိုင်ငံအေမန်မြို့ရှိ ရှေ့ဟောင်းနယ်မြေသို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က သွားရောက်လည်ပတ်စဉ်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဗြိတိသျှပြတိုက်အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ယခုကူးစက်ခံရမှုသည် သက်တော် ၇၃ နှစ်အရွယ် အိမ်ရှေ့စံမင်းသားအတွက် ဒုတိယအကြိမ်မြောက် နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်စ် ရောဂါကူးစက်ခံရခြင်းဖြစ်ကြောင်း နှင့် ၎င်းသည် ပထမအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ် မတ်လတွင် ဗိုင်းရပ်စ်ကူးစက်ခံရပြီး ထိုစဉ်က နေထိုင်မကောင်းဖြစ်ခဲ့ရဖူးသည်။ မင်းသားကြီးသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဝင်ချက်စတာ၌ ရုပ်တုတစ်ခုသွားရောက်ဖွင့်လှစ်ပေးရန် စီစဉ်ထားသည်။ ယင်းနေ့နံနက်ပိုင်းတွင် ကိုဗစ်ကူးစက်ခံထားရကြောင်း ဆေးစစ်ချက်ရလဒ် ထွက်ပေါ်ခဲ့သဖြင့် ဝင်ချက်စတာသို့ သွားရောက်မည့် ခရီးစဉ်ကို ရက်စွဲ ပြန်လည်ပြောင်းလဲခဲ့ရကြောင်း အိမ်တော်ထိန်းက အတည်ပြုခဲ့သည်။ မင်းသားချားလ်စ်သည် COVID-19 ကာကွယ်ဆေး သုံးကြိမ်အထိ ထိုးနှံမှုခံယူထားပြီးဖြစ်ကြောင်း သို့သော် သူ့အနေဖြင့် မည်သို့သော် ကိုရိုနာဗိုင်းရပ်စ်လက္ခဏာများ ခံစားနေရသည်ကိုမူ အိမ်တော်ထိန်းက အသေးစိတ် ထုတ်ဖော်ပြန်ထားခြင်းမရှိပေ။

ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြုလုပ်သော ပုံမှန်ရောဂါစစ်ဆေးစမ်းသပ်မှုတွင် ချားလ်စ်၏ကြင်ယာတော် မင်းသမီးကမ်မီလာ၌ ရောဂါကူးစက်ခံထားရခြင်းမရှိ(negative) အဖြေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

မင်းသားချားလ်စ် နှင့် ကြင်ယာတော်တို့သည် ဖေဖော်ဝါရီ ၉ ရက်တွင် ဗြိတိသျှပြတိုက်၌ ပြည်သူများအား တွေ့ဆုံနှုတ်ဆက်ခဲ့သေးသည်။ မင်းသားကြီးနှင့်အနီးကပ်ထိတွေ့မိသော အဆင့်မြင့်အစိုးရအရာရှိကြီးများမှာ ပြည်ထဲရေးဝန်ကြီး Priti Patel နှင့် ဘဏ္ဍာရေးဝန်ကြီး Rishi Sunak တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မင်းသားကြီးအနေဖြင့် မကြာသေးခင်က နန်းစံသက် နှစ် ၇၀ ပြည့် ပလက်တီနမ်ရတုအခမ်းအနားကျင်းပခဲ့သော မယ်တော်ဖြစ်သူ သက်တော် ၉၅ နှစ်အရွယ်ရှိ ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ် နှင့် ယခုရက်ပိုင်းများအတွင်း ရုပ်ပိုင်းဆိုင်ရာအရ ထိတွေ့ခဲ့ခြင်း ရှိ/မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။(Xinhua)

…………………………
(English Version)
Britain’s Prince Charles tests positive for COVID-19 for a second time and is now self-isolating

LONDON, Feb. 10 (Xinhua) — Britain’s Prince Charles has tested positive for COVID-19 and is now self-isolating, said Clearance House, the official Twitter account of Prince Charles and his wife Camilla, on Thursday.
It is the second time that the 73-year-old has contracted the novel coronavirus, after he fell ill with the virus in March 2020. He had been due to unveil a statue in Winchester on Thursday.
Prince Charles received the positive result Thursday morning and had to reschedule his visit to events in Winchester, Clarence House confirmed, adding that Charles was triple vaccinated, but would not give any detail on whether he was experiencing coronavirus symptoms.
It also said his wife Camilla had tested negative in a routine test on Thursday.
On Wednesday, Prince Charles and his wife met people at a reception in the British Museum. High-profile guests with whom he had close contact include Home Secretary Priti Patel and Chancellor of the Exchequer Rishi Sunak.
It remains unclear if Prince Charles has recently been in physical contact with 95-year-old Queen Elizabeth, who only days ago marked her Platinum Jubilee, the 70th anniversary of her accession to the throne.

Photo(1) Visiting Britain’s Prince Charles arrives at the German Chancellery in Berlin, capital of Germany, on May 7, 2019. (Xinhua/Shan Yuqi)
Photo(2) Britain’s Prince Charles (R) and his wife Camilla, the Duchess of Cornwall, visit an archaeological site in Amman, Jordan, on Nov. 16, 2021. (Photo by Mohammad Abu Ghosh/Xinhua)
Photo(3) A visitor leaves the British Museum in London, Britain, Dec. 7, 2021. (Xinhua/Li Ying)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.